မိုင်းယောင်း မတ် ၂၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းယောင်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ အခြေခံပညာကျောင်းအုပ်ကြီးများ(မူလတန်း) မြို့နယ်အဆင့် စွမ်းရည်မြှင့် မွမ်းမံသင်တန်းကို ယနေ့ ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အဆိုပါသင်တန်း ဖွင့်လှစ်ဆောင်ရွက်နေမှုအခြေအနေကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမြတ်သူ၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးကြည်ထွန်းနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုပြီး အားပေးစကားပြောကြားကာ သင်တန်းသူ၊ သင်တန်းသားများ၏ အခက်အခဲနှင့် တင်ပြချက်များကို ဖြည့်ဆည်းကူညီဆောင်ရွက်ပေးခဲ့သည်။
ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်တားဆီးရေး အခြေခံစည်းမျဉ်းစည်းကမ်း(၂၂)ချက်နှင့်အညီ Face to Face ပုံစံ၊ Online စနစ်ဖြင့် ကျင်းပသည့် အဆိုပါသင်တန်းသို့ အခြေခံပညာမူလတန်းကျောင်း ကျောင်းအုပ်ကြီးများ တက်ရောက်ကြသည်။
သင်တန်းကာလမှာ မတ် ၂၂ ရက်မှ ၂၄ ရက်အထိဖြစ်ပြီး စီမံ၊ ဘဏ္ဍာနှင့် ပညာကဏ္ဍ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများကို လေ့လာသင်ကြားလျက်ရှိကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း