သတင်းများ

ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများအား လုပ်ငန်းမွမ်းမံသင်တန်း ဖွင့်လှစ်ပို့ချ
Apr 20,2021
ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ၏ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး မွမ်းမံ သင်တန်းပို့ချခြင်းကို ဧပြီလ (၁၉) ရက်နံနက်ပိုင်းက စစ်ကိုင်းခရိုင်၊ မြင်းမူမြို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေပြည်သစ်ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
မင်းရဲကျော်စွာလမ်းမကြီးအား ကွန်ကရစ်လမ်းလုံးပြည့်ခင်းခြင်းဆောင်ရွက်
Apr 20,2021
ပြည်သူလူထုသွားလာမှုအဆင်ပြေချောမွေ့စေရန်အတွက် အဓိကလမ်းမကြီးများကို အဆင့်မြှင့်တင်ခြင်း၊ တိုးချဲ့ခြင်းများ ဆောင်ရွက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ် မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၀ -၂၀၂၁ဘဏ္ဍာရေးနှစ် ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့၏ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် တွံတေးမြို့အုန်းပင်စုရပ်ကွက်နှင့် မင်းပိုင်းရပ်ကွက်ကြားရှိ မင်းရဲကျော်စွာလမ်းမကြီးကို ကွန်ကရစ်လမ်းလုံး​ပြည့်ခင်းခြင်းကို ယနေ့ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်းသိရသည်။
သုံးခွမြို့နယ်တွင် သံဃာတော်များ၊ အသက် ၆၅ နှစ်အထက် သက်ကြီးဘိုးဘွားများ၊ ဌာနဆိုင်ရာ ၀န်ထမ်းများနှင့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (ဒုတိယအကြိမ်) ထိုးနှံပေး
Apr 20,2021
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သုံးခွမြို့နယ်တွင် သံဃာတော်များ ၊ အသက် ၆၅ နှစ်အထက် သက်ကြီးဘိုးဘွားများ၊ ဌာနဆိုင်ရာ၀န်ထမ်းများနှင့် ပြည်သူများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်ပြည့်သူဆေးရုံ မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ထိုးနှံပေးကြောင်း သိရသည်။
ဗိုလ်တထောင်မြို့နယ်တွင် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများအတွက် လုပ်ငန်းမွမ်းမံ သင်တန်းဖွင့်လှစ်ပို့ချ
Apr 20,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်၊ အမှတ်(၉) ရပ်ကွက်၊ (၄၅) လမ်း၊ အမှတ်-၂၆၃ ရှိ YMCA ခန်းမတွင် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများအတွက် လုပ်ငန်းမွမ်းမံသင်တန်းကို၁၉-၄-၂၀၂၁ ရက်နေ့ နံနက်(၉)နာရီအချိန်တွင် ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
တောင်တွင်းကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေး
Apr 20,2021
‌မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို သာသနာ့ဗိမာန်တော်ကြီး၌ ယနေ့နံနက်(၉)နာရီက ဒုတိယအကြိမ်အဖြစ် စတင်ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
မြိတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Covishield ဒုတိယအကြိမ် ထိုးနှံပေး
Apr 20,2021
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး Covishield ပထမ အကြိမ် ထိုးနှံထားသူများအား ဧပြီလ(၂၀)ရက် နံနက်ပိုင်းမှ စတင်ကာ ကျန်းမာရေးဝန်ထမ်းများမှ ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်တွင် ဒုတိယအကြိမ်   ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး
Apr 20,2021
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် (၂၀)ရက် ယနေ့နံနက်(၉)နာရီက အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးတွင် သံဃာတော်များ၊ ဝန်ထမ်းများနှင့် ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ဆေးများ ဆက်လက် ထိုးပေးလျှက်ကြောင်း သိရှိရသည်။
ရပ်ကွက် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းမွမ်းမံသင်တန်းဖွင့်လှစ်
Apr 20,2021
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းမွမ်းမံသင်တန်း ဖွင်ပွဲအခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၉နာရီက ကျင်းပပြုလုပ် ဖွင့်လှစ်သင်ကြား ပေးခဲ့သည်။