သတင်းများ

ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်း ဒေသခံပြည်သူ့စစ်အဖွဲ့များနှင့် တွေ့ဆုံ
Apr 20,2021
ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်း အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်နိုင်နိုင်ဦး၊ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီအတွင်းရေးမှူး၊ အဖွဲ့ ဝင်များနှင့်တာဝန်ရှိသူတို့သည် ယနေ့နံနက်(၈)နာရီက နမ့်စန်မြို့နယ် ခိုလမ်မြို့ အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် အစည်းအဝေးခန်းမ၌ ဒေသခံပြည်သူ့စစ်များနှင့် တွေ့ဆုံကြောင်းသိရသည်။
သရက်မြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Apr 20,2021
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၁ နာရီက ခရိုင်အုပ်ချုပ် ရေးမှူးရုံး အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်မျိုးလတ်နှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာအကြီး အကဲများ တက်ရောက်ခဲ့ ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ Coronavirus Disease 2019 (COMID19)ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအစည်းအဝေး (၁၀/၂၀၂၁) လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Apr 20,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ (၁)၌ ယနေ့မွန်းလွဲ ၁ နာရီက ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီ (၁၀/၂၀၂၁) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်သည်။
ကျောက်တံတားမြို့နယ်တွင် ကိုဗစ်-၁၉​ရောဂါကာကွယ်ဆေးကို ဒုတိယအကြိမ်အဖြစ် ထိုးနှံ​ပေးသွားမည်ဖြစ်​ကြောင်းပြည်သူများအား အသိ​ပေးနှိုး​ဆော်လျက်ရှိ
Apr 20,2021
​ကျောက်တံတားမြို့နယ်တွင် ပထမအကြိမ်ကိုဗစ်-၁၉​ရောဂါ ကာကွယ်​​ဆေးထိုးနှံပြီးသူများအား ဧပြီလ​နောက်ဆုံး ပတ်တွင် ဒုတိယအကြိမ်အဖြစ် ထိုးနှံ​ပေးသွားမည်ဖြစ်​ကြောင်းမြို့နယ်စီမံအုပ်ချုပ်​ရေး အဖွဲ့က ပြည်သူများအား အသိ​ပေးနှိုး​ဆော်လျက်ရှိ​ကြောင်းသိရသည်။
ကျောက်တန်းမြို့နယ်တွင် ဌာနဆိုင်ရာဝန်ထမ်းများနှင့် အသက်(၆၅)နှစ်နှင့်အထက်ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေး
Apr 20,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်တွင် ဌာနဆိုင်ရာဝန်ထမ်းများနှင့် အသက်(၆၅)နှစ်နှင့် အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေးခြင်းကို ယနေ့နံနက် ၈ နာရီမှစတင်၍ မြို့နယ်ပြည်သူ့ဆေးရုံ၌ ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
ကျောက်ဖြူမြို့၌ သူနာပြုနှင့်သားဖွားသင်တန်းကျောင်းသစ်ကြီးအား စတင်တည်ဆောက်
Apr 20,2021
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စုအစိုးရခွင့်ပြု ရန်ပုံငွေဖြင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနတို့မှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် သူနာပြုနှင့်သားဖွား သင်တန်း ကျောင်းသစ်ကြီးအား ဇန်နဝါရီလ တတိယအပတ်က စတင်ကာ တည်ဆောက်လျက်ရှိကြောင်း သိရသည်။
ဆင်ပေါင်ဝဲမြို့နယ် မေမြို့ပန်းစိုက်ပျိုးသူများ ဈေးကောင်းရ၍ ရောင်းအားကောင်းသောကြောင့် အဆင်ပြေ
Apr 20,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ အိုးဘိုရပ်ကွက်မှ မေမြို့ပန်းစိုက်တောင်သူများသည် ပန်းများလှိုင်လှိုင်ပေါ်ပြီး ရောင်းအားကောင်း သဖြင့် အဆင်ပြေလျက်ရှိကြောင်း ပန်းစိုက်တောင်သူများထံမှ သိရသည်။
ကျောက်ဖြူမြို့တွင် ဌာနဆိုင်ရာဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံ
Apr 20,2021
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ကျောက်ဖြူမြို့တွင် ဌာနဆိုင်ရာဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်‌ဆေး ဒုတိယအကြိမ် ထိုးနှံခြင်းကို ယနေ့နံနက် ၈ နာရီက စတင်ကာ ကုတင် ၂၀၀ ဆံ့ ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ကျန်းမာရေးဌာနမှဝန်ထမ်းများက ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။