ပုသိမ် ဧပြီလ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ (၁)၌ ယနေ့မွန်းလွဲ ၁ နာရီက ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီ (၁၀/၂၀၂၁) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်သည်။
အခမ်းအနားသို့ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်၊ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်ဗိုလ်မှူးကြီးကျော်စွာလှိုင်၊ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ဥပဒေချုပ် ဒေါ်ခင်ခင်နွယ်၊ တိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဇော်မင်းထွန်း၊ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီရုံးမှ တာဝန်ရှိသူများ၊ ပုသိမ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးစီးအရာရှိ ဦးယောမင်းထွန်းတို့ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် တိုင်းဒေသကြီး ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အတွင်းရေးမှူးဗိုလ်မှူးကြီးကျော်စွာလှိုင်က ယမန်နေ့ အစည်းအဝေး မှတ်တမ်းအပေါ် လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် ကော်မတီ၏ လုပ်ငန်းအဆင့်ဆင့်ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြဆွေးနွေးသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးဌာနမှူး ဒေါက်တာဇော်မင်းထွန်းက ကျန်းမာရေးဆိုင်ရာလုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးပေးနေမှုအခြေအနေများကို ရှင်းလင်းတင်ပြဆွေးနွေးသည်။
ထို့နောက် တက်ရောက်လာကြသူများက ကိုဗစ်- ၁၉ ကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာကိစ္စရပ်များ၊ အထွေထွေကိစ္စရပ်များကို ဆွေးနွေးကြရာ ကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်က လိုအပ်သည်များကို ဖြည့်စွက်လမ်းညွှန် ဆွေးနွေးပြီး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့သည်။
မောင်မောင်မြင့် (iprd)