သတင်းများ

ဇီးကုန်းမြို့နယ်တွင် ဌာနဆိုင်ရာဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံ
Apr 21,2021
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြု ကူးစက်ခံရသူ (၈၁) ဦးရှိခဲ့ပြီး အဆိုပါ‌ ရောဂါ‌ကူးစက်ခံရသူများထဲမှ အဆုတ်ကင်ဆာ ရောဂါခံစားနေရသူ တစ်ဦးသာ သေဆုံးခဲ့ပြီး ကျန်ကူးစက်ခံရသူများအားလုံး ပြန်လည်ကျန်းမာ လာခဲ့ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ကုသရေးကော်မတီထံမှ သိရသည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် (၃၈)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအား ဒေသန္တရလက်လုပ် အသံဗုံး (၁)လုံးဖြင့် ပစ်ပေါက်မှုဖြစ်ပွား
Apr 21,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊(၃၈)ရပ်ကွက်၊ အုပ်လှငယ်လမ်းနှင့် ဗညားနွဲ့ လမ်းထောင့်ရှိ၊(၃၈) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအား ဧပြီ ၂၀ ရက်နေ့ နံနက် (၁၀၃၀)မှ (၁၀၄၅) အချိန်ခန့်တွင် အမည်မသိ လူငယ်(၃)ဉီးမှ ဆိုက်ကယ်ဖြင့် ရောက်ရှိလာပြီး ရုံးအပြင်ဘက် ခြံစည်းရိုးနား ဒေသန္တရ လက်လုပ်အသံဗုံး (၁)လုံး ဖြင့် ပစ်ပေါက်ခဲ့ပြီး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ (၃၈) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၏ အမိုး/ မျက်နှာကြပ် အနည်းငယ် ပေါက်ပြဲပျက်စီးသွားခဲ့ကြောင်း သိရသည်။
လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ မီးလောင်မှုဖြစ်ပွား
Apr 21,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အတွင်းပဒံကျေးရွာ အုပ်စု၊ မြစိမ်းရောင် စက်မှုဇုန်၊ မြရတနာလမ်း၊ အမှတ်(၁၆)ရှိ တရုတ်နိုင်ငံသား ပိုင်ဆိုင်သော ပန်းချီကား စက်ရုံ၌ ဧပြီလ(၂၀)ရက်နေ့ (၂၃း၄၀)နာရီအချိန်က မီးလောင်ကျွမ်းမှု ဖြစ်ပွားကြောင်း သိရသဖြင့် မီးငြိမ်းသတ်ယာဉ်(၈)စီးဖြင့် ငြိမ်းသတ်ရာ(၂၄း၀၀)နာရီအချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ပြောကြားခဲ့သည့် လမ်းညွှန်ချက်များ ရှင်းလင်းခြင်း အခမ်းအနားကျင်းပ
Apr 21,2021
ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဦးဆောင်၍ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းဝေးခန်းမ၌ ဧပြီ ၂၀ ရက် မွန်းလွဲ(၂)နာရီက နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ ပြောကြားခဲ့သည့် လမ်းညွှန်ချက်များ ရှင်းလင်းခြင်းအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
တပ်ကုန်းမြို့၌ မြန်မာ့သိုင်းအခြေခံသင်တန်းဖွင့်လှစ်
Apr 21,2021
နေပြည်တော်တပ်ကုန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော မြန်မာ့သိုင်းအခြေခံ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီက ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ ရွှေမြို့ကျေးရွာအုပ်စု၊ ရွှေမြို့အရှေ့ကျေးရွာရှိ ရွှေမြို့ကြီးဂိုဏ်းထောက် ဘုန်းတော်ကြီး သင်ပညာရေးကျောင်းတွင်ဖွင့်လှစ်သည်။
ရေစကြိုမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သော  အိမ်ထောင်စု (၂၀) စုအား ထောက်ပံ့
Apr 21,2021
ရေစကြိုမြို့နယ်တွင် ဧပြီ၁၂ရက်နေ့က လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သော အိမ်ထောင်စု (၂၀) စုကို ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ထောက်ပံ့ပေးအပ်ခဲ့သည်။
ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ကုတင်(၁၀၀)ဆံ့ အမှတ်(၂)တပ်မတော် ဆေးရုံ၌ ကုသမှုခံယူနေသူများအား ကြည့်ရှု့အားပေးပြီး စားသောက်ဖွယ်ရာများ၊ ဆေးနှင့် ဆေးပစ္စည်း များ ထောက်ပံ့လှူဒါန်း
Apr 21,2021
တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တိုင်းရင်းသားပြည်သူများအတွက် တပ်မတော်ဆေးရုံများနှင့် ယာယီကုသရေး ဆေးရုံများတွင် ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်ပေးလျက်ရှိရာ ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစောမြင့်ဦးနှင့်အဖွဲ့ဝင်များ၊ အမှတ်(၂၂) ခြေမြန် တပ်မဌာနချုပ် ဒုတိယတပ်မမှူး ဗိုလ်မှူးကြီးနေလင်းထွန်းနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ဧပြီလ ၁၇ ရက်နေ့ နံနက် ၁၀ နာရီခန့်က တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေးဆိုင်ရာ အခက်အခဲများကို တစ်ထောင့်တစ်နေရာမှ အထောက်အကူပြုစေရန်အတွက် ကျန်းမာရေးစောင့်ရှောက်မှုကို ဆောင်ရွက်ပေးနေသော ဘားအံမြို့နယ်၊ ကုတင်(၁၀၀)ဆံ့ အမှတ်(၂) တပ်မတော်ဆေးရုံသို့ သွားရောက်၍ ကုသမှုခံယူနေသူများအား ကြည့်ရှုအားပေးပြီး စားသောက်ဖွယ်ရာများ၊ ဆေးနှင့်ဆေးပစ္စည်းများကို ထောက်ပံ့လှူဒါန်းခဲ့ကြသည်။
ကျောက်မဲမြို့တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ဆက်လက်ထိုးနှံ
Apr 21,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့၊ မြို့ကျက်သရေဆောင်ခန်းမအတွင်း၌ ယမန်နေ့ နံနက်ပိုင်းမှစ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ‌ပြန်လည်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။