ကျောက်တံတား ဧပြီလ၂၀
ကျောက်တံတားမြို့နယ်တွင် ပထမအကြိမ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသူများအား ဧပြီလနောက်ဆုံး ပတ်တွင် ဒုတိယအကြိမ်အဖြစ် ထိုးနှံပေးသွားမည်ဖြစ်ကြောင်းမြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့က ပြည်သူများအား အသိပေးနှိုးဆော်လျက်ရှိကြောင်းသိရသည်။
အဆိုပါကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးဒုတိယ အကြိမ်ထိုးနှံခြင်းကို ကျောက်တံတားမြို့နယ် ၃၅လမ်းရှိမူလတန်း ကြိုကျောင်းတွင် ထိုးနှံပေးသွားမည်ဖြစ်ရာ ပထမအကြိမ်အဖြစ် မတ်လ ၂၄ ရက်ကထိုးနှံသူများသည် ဧပြီလ ၂၁ ရက် (ဗုဒ္ဓဟူးနေ့) နံနံက် ၉ နာရီမှ ၁၂နာရီထိ ၄င်း မတ်လ ၂၅ ရက်ကထိုးနှံသူများသည် ဧပြီလ ၂၂ ရက် (ကြာသပတေး) နံနက် ၉နာရီ မှ ၁၂ နာရီထိ တွင်၄င်း သတ်မှတ်ရက်အတိုင်းလာရောက်ထိုးနှံကြရန်အသိပေးနှိုးဆော်လျက်ရှိကြောင်း သိရသည်။
သိင်္ဂီ(ပြန်/ဆက်)