ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်း ဒေသခံပြည်သူ့စစ်အဖွဲ့များနှင့် တွေ့ဆုံ

 

        ခိုလမ်      ဧပြီ        ၂၀

ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်း အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်နိုင်နိုင်ဦး၊ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီအတွင်းရေးမှူး၊ အဖွဲ့ ဝင်များနှင့်တာဝန်ရှိသူတို့သည် ယနေ့နံနက်(၈)နာရီက နမ့်စန်မြို့နယ် ခိုလမ်မြို့ အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် အစည်းအဝေးခန်းမ၌ ဒေသခံပြည်သူ့စစ်များနှင့် တွေ့ဆုံကြောင်းသိရသည်။

ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက အဖွင့်အမှာစကားပြောပြီး ဒေသခံပြည်သူစစ်အဖွဲ့များဖြစ်သည့် မတ်ကျန်းပြည်သူစစ်၊ နားရိုင်းပြည်သူစစ်၊ ဟိုမိန်းပြည်သူ့စစ်၊ တိုင်းကောင်ပြည်သူ့စစ်၊ ဝမ်ပန်ပြည်သူ့စစ်၊ ကာလိပြည်သူ့စစ်၊ ဝမ်ဟတ်ပြည်သူ့စစ်အဖွဲ့များမှ ဒေသဖွံ့ဖြိုးရေး အတွက် စာသင်ကျောင်း မီးလင်းရေး၊ ရေရရှိရေး၊ လမ်းကောင်း မွန်ရေး ကိစ္စရပ်များ အသီးသီးတင်ပြကြသည်။          

ဆက်လက်၍ ခိုလမ်မြို့မိမြို့ဖတစ်ဦးမှဒေသဖွံ့ဖြိုးရေးအတွက် တင်ပြပြီးဇိနမာန်အောင် သမန္တပါ သာဒိကပြည်လုံးချမ်းသာရ ဆုပြည့်ဝစေတီတော်မြတ်ကြီးအတွက် ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီမှ အလှူတော်ငွေ(၁၀)သိန်း၊ မတ်ကျန်းပြည်သူ့စစ်(ဌာနေ)ကို မတ်ဆော့ကျေးရွာနှင့် နောင်ဘို ကျေးရွာ နေရာအတွက်ဆိုလာမီး(၄)စုံ၊ ကာလိပြည်သူ့စစ်(ဌာနေ)ကို နမ့်မော်ခမ်း ကျေးရွာအတွက် ဆိုလာမီး (၂)စုံတို့ကို ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဒေါက်တာကျော်ထွန်းက ပေးအပ်ရာ အရှေ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ်နိုင်နိုင်ဦးနှင့် ပြည်သူ့စစ်ခေါင်းဆောင်များ မှအသီးသီး လက်ခံရယူကြပြီး ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဒေါက်တာ ကျော်ထွန်းက နိဂုံးချုပ်အမှာ စကားပြောကြားကြောင်းသိရသည်။

 ထို့နောက် ခိုလမ်မြို့၊ အမှတ်(၉)စစ်​ မြေပြင်ဆေးတပ်ရင်းစစ်ဆေးရုံး၌ ရှမ်းပြည်နယ် စီမံ အုပ်ချုပ်ရေး ကောင်စီမှအလှူငွေပေးအပ်ရာ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဒေါက်တာ ကျော်ထွန်းက အဖွင့်အမှာစကား ပြောကြားပြီး ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ အမှတ်(၉) စစ်မြေပြင် ဆေးတပ်ရင်းအတွက် ဆေးပဒေသာပင်အလှူငွေကျပ်(၄၅)သိန်းနှင့် အရာရှိ/စစ်သည်၊ အရပ်သား ဝန်ထမ်းများအတွက် ကျပ်(၅)သိန်း(၃)သောင်းပေးအပ်ရာ အမှတ်(၉)စစ်မြေပြင် ဆေးတပ်ရင်း၊ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးကျော်ကျော်ဝင်းက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည် ပြောကြားကာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ အရှေ့အလယ်ပိုင်းတိုင်းတိုင်းမှူး ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များတို့က ဆေးရုံတွင်လာရောက်ကုသနေသော လူနာများအား လှည့်လည် ကြည့်ရှုအားပေးစကားပြောကြားကာစားစရာနှင့်ထောက်ပံ့ငွေများ ပေးအပ်ကြကြောင်း သိရသည်။

ယင်းနောက်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ အလယ်ပိုင်းတိုင်းတိုင်းမှူးနှင့် တာဝန်ရှိသူများသည် ခိုလမ်မြို့ရှိသီရိမင်္ဂလာဘုန်းတော်ကြီးကျောင်းအား သွားရောက်ကာ ဆွမ်းဆန်တော် များ၊ လှူဖွယ် ဝထ္ထုပစ္စည်းများ လှူဒါန်းပေးကြပြီးသီရိမင်္ဂလာဘုန်း ကြီးကျောင်းဝင်းရှိ နောင်ဟေးငင်းရေကန် ပြန်လည် တူးဖော်မှုအခြေအနေအား သွားရောက်ကြည့်ရှုခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရှိရသည်။

 မောင်မောင်သန်း(တောင်ကြီး)