သတင်းများ

ပြည်ကြီးတံခွန်မြို့နယ်တွင် ဆရာတော်/သံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်း
Apr 30,2021
မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီမှ ကြီးမှူးကျင်းပသော ဆရာတော်/ သံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် ၁၀ နာရီ မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်ရပ်ကွက်ရှိ မဟာသုန္ဒရာမကျောင်းတိုက်တွင် ကျင်းပ ပြုလုပ်သည်။
ပုသိမ်မြို့၊ ကုတင် ၅၀၀ ဆံ့ ဆေးရုံကြီးတွင် ပြည်သူများကို ကျန်းမာရေး စောင့်ရှောက်မှုလက်ခံကုသပေး
Apr 30,2021
ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်မြို့ကုတင်(၅၀၀)ဆံ့ပြည်သူ့ဆေးရုံကြီးတွင် မတ်လ၂၄ရက်နေ့ မှစ၍ ကျန်းမာရေးစောင့်ရှောက်မှုကိုတိုင်းဒေသကြီးကုသရေး ဦးစီးဌာနမှူးဒေါက်တာ ဇော်မင်းထွန်း၊ ကုတင်(၅၀၀)ဆံ့အထွေထွေရောဂါကုဆေးရုံအုပ် ဒေါက်တာကောင်းမြတ်စိုးတို့၏ အနီးကပ်ကြီးကြပ် မှုဖြင့် အထူးကုဆရာဝန်ကြီး ၁၁ ဦး ၊ အထူးကုဆရာဝန် ၉ ဦး ၊ အထူးကုလက်ထောက်ဆရာဝန် ၅ ဦး ၊ ရိုးရိုး လက်ထောက် ဆရာဝန် ၄ ဦး ၊ သူနာပြု ၁၀၆ ဦးတို့က နေ့ညမပြတ် လူနာများအား လက်ခံကုသပေးလျက် ရှိကြောင်းသိရသည်။
မကွေးတိုင်းဒေသကြီးအတွင်း မြန်မာနိုင်ငံသားများဖြစ်ကြသော တိုင်းရင်းသားများနှင့် ဥပဒေအရ နိုင်ငံသား များအား ဥပဒေနှင့်အညီ အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်ပြား တစ်မျိုးမျိုး ထုတ်ပေးရေး ပန်းခင်းစီမံချက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Apr 30,2021
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးက တိုင်းဒေသကြီးအတွင်း မြန်မာနိုင်ငံသား များဖြစ်ကြသော တိုင်းရင်းသားများနှင့်ဥပဒေအရနိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးရေး ပန်းခင်းစီမံချက်နှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီ ချိန်က လူဝင်မှူကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဆိုင်ရာမကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ပြည်သူများအား ဥပဒေနှင့် အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ် ထုတ်ပေးရေး လုပ်ငန်းစီမံချက်(ပန်းခင်းစီမံချက်) ရှင်းလင်းပွဲကျင်းပ
Apr 30,2021
မွန်ပြည်နယ်အတွင်းနေထိုင်ကြသော ပြည်သူများအား ဥပဒေနှင့် အညီ အိမ်ထောင်စုလူဦးရေ စာရင်းနှင့် ကိုင်ဆောင်လက်မှတ် ထုတ်ပေးရေးလုပ်ငန်းစီမံချက်(ပန်းခင်းစီမံချက်) ရှင်းလင်းပွဲကို ယနေ့နံနက် ၁၀ နာရီက မော်လမြိုင်မြို့ မွန်ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ပြည်နယ်ဦးစီးမှုးရုံး၌ ကျင်းပသည်။
ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ကော့ကရိတ်မြို့နယ်အတွင်းဒေသဖွံဖြိုးရေး လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု
Apr 30,2021
ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဦးစောမြင့်ဦးနှင့်အဖွဲ့ဝင်များသည် ဌာနဆိုင်ရာ တာဝန် ရှိသူများ လိုက်ပါလျက် ဧပြီလ ၂၈ ရက်နေ့ မွန်းလွဲပိုင်းက ကော့ကရိတ်မြို့နယ်အတွင်း ဒေသဖွံဖြိုးရေး လုပ်ငန်း ဆောင်ရွက်မှုများ အား ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။
မင်းပြားမြို့နယ်ရှိ ဝက်ဖြူကျွန်းရေလည်ဘုရားစေတီတော်မြတ်အား ရွှေထီးတော်တင်လှူပူဇော်ပွဲ ကျင်းပ
Apr 30,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ် သေကန်ကျေးရွာအနီး ဝက်ဖြူကျွန်း ရေလည်စေတီတော်မြတ်ကြီးအား ရွှေထီးတော်တင်ပူဇော်ပွဲအလှူတော်မင်္ဂလာ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အဆိုပါဘုရားစေတီရင်ပြင်တော်ပေါ်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရသည်။
ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် ကော့ကရိတ်ခရိုင်၊မြို့နယ် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများတွေ့ဆုံ၊ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပေးအပ်
Apr 30,2021
ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ် ဌာနဆိုင်ရာများ တွေ့ဆုံပွဲကို ဧပြီလ ၂၈ ရက်နေ့ နံနက် ၉ နာရီခန့်က ကော့ကရိတ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။