ပြည်ကြီးတံခွန်မြို့နယ်တွင် ဆရာတော်/သံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်း

မန္တလေး ဧပြီ ၃၀

မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီမှ ကြီးမှူးကျင်းပသော ဆရာတော်/ သံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် ၁၀ နာရီ မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်ရပ်ကွက်ရှိ မဟာသုန္ဒရာမကျောင်းတိုက်တွင် ကျင်းပ ပြုလုပ်သည်။

ရှေးဦးစွာ မဟာသုန္ဒရာမ ကျောင်းတိုက်ဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ပြီး မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးမောင်ကိုနှင့် တာဝန်ရှိသူများက လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။ ထို့နောက် မဟာသုန္ဒရာမ ကျောင်းတိုက်ဆရာတော်မှ ရေစက်ချတရားချီးမြှင့်သည်။ ၄င်းနောက် မန္တလေးတိုင်း ဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးမောင်ကိုနှင့် တာဝန်ရှိသူများက ဆရာတော်/ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းသည်။

အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးမောင်ကို၊ မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးကျော်ကျော်မင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးတင်ဝင်းရွှေနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌဦးလရော်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။

ခရိုင်ပြန်/ဆက်