ကော့ကရိတ် ဧပြီ ၃၀
ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဦးစောမြင့်ဦးနှင့်အဖွဲ့ဝင်များသည် ဌာနဆိုင်ရာ တာဝန် ရှိသူများ လိုက်ပါလျက် ဧပြီလ ၂၈ ရက်နေ့ မွန်းလွဲပိုင်းက ကော့ကရိတ်မြို့နယ်အတွင်း ဒေသဖွံဖြိုးရေး လုပ်ငန်း ဆောင်ရွက်မှုများ အား ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။
ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ကော့ကရိတ်မြို့နယ် (ထူးဟဲစေးဟဲ) မျိုးသန့်မျိုးပွားစံပြ ဥယျာဉ်ခြံသို့ ရောက်ရှိပြီး စိုက်ပျိုးထားသော ခရမ်း၊ ဗူး၊ ရုံးပတီ၊ ပဲတောင့်ရှည် ဟင်းသီးဟင်းရွက်စုံစိုက်ခင်းနှင့် Semi-Green House ဖြင့် ဟင်းသီးဟင်းရွက်များကို GAP စနစ်ဖြင့်စိုက်ပျိုးထုတ်လုပ်ခြင်းတို့ကို ကြည့်ရှု့အားပေးပြီး ကော့ကရိတ် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးအောင်နိုင်က ဥယျာဉ်ခြံနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင် စီဥက္ကဋ္ဌက လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ကော့ကရိတ်မြို့ ပြည်သူ့ဆေးရုံသို့ ရောက်ရှိပြီး ဆေးရုံတွင် တက်ရောက်ဆေးကုသမှုခံယူနေသူများအား တစ်ဦးချင်းရင်းရင်းနှီးနှီး တွေ့ဆုံအားပေးကာ အာဟာရဖြည့်စွက် အစားအစာများ ထောက်ပံ့ပေးခဲ့ပြီး ကျန်းမာရေး စောင့်ရှောက်မှုနှင့် ကုသရေးလုပ်ငန်းများကို စေတနာတရားထက်သန်စွာ ဖြင့် ဆောင်ရွက်ပေးနေသော ဆေးရုံအုပ်ကြီးနှင့်ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများအား စားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခဲ့သည်။
ယင်းနောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ကော့ကရိတ်မြို့နယ်စည်ပင် သာယာရေးအဖွဲ့ ၏ ( ၁၅၁" x ၇၁" x ၁၇")ရှိ Steel Structure အမျိုးအစား ဒေါနခန်းမ တည်ဆောက်ရေးလုပ်ငန်းခွင်အား ကြည့်ရှု့စစ်ဆေး ရာ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးသူရမြင့်သူနှင့် တာဝန်ယူတည်ဆောက်သည့် ကောင်းမြတ်အောင် ကျော်ကုမ္ပဏီတို့မှ ခန်းမတည်ဆောက်ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစောမြင့်ဦးက သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးနိုင်ရေး အင်တိုက်အားတိုက် ဆောင်ရွက်ကြရန် လမ်းညွှန် မှာကြားခဲ့သည်။
ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ကော့ကရိတ်မြို့နယ် တောင်ပေါ်ဘုန်းကြီး ကျောင်းဆရာတော် ဘဒ္ဒန္တသိရိဓမ္မ နှင့် မြို့မဘုန်းကြီးကျောင်းဆရာတော် ဘဒ္ဒန္တစိန္တိတတို့အား သွားရောက်ဖူးမျှော်ကြည် ညိုပြီး ဆန်၊ ဆီနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ဆက်လက်၍ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ပြီး ကျောင်းများ ပြန်လည်ဖွင့်လှစ် ရာတွင် အသုံးပြုရန် ကိုဗစ်-၁၉ ကာကွယ်ရေးအထောက်အကူပြု ပါးစပ်နှင့်နှားခေါင်းစည်းMaskများ၊ လက်သန့် ဆေးရည်များ ထောက်ပံ့ပေးခဲ့ကာ အသစ် တည်ဆောက်ပြီးစီးသည့် (၂)ထပ်ကျောင်းဆောင်သစ်နှင့် ကျောင်းဆောင်များ၏ အခြေအနေများကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ယင်းနောက် အမှတ်(၂/၅)စစ်မြေပြင်ဆေးတပ်ခွဲ၌ ဆေးကုသမှုခံယူနေကြသော တပ်မတော်သား မိသားစုဝင်များ နှင့် ပြင်ပလူနာများအား အာဟာရဖြည့်စွက်အစားအစာများထောက်ပံ့ပေးခဲ့ပြီး တပ်မတော်သားဆရာဝန်များနှင့် သူနာပြု များအား စားသောက်ကုန်များထောက်ပံ့ပေးအပ်ခဲ့ကာ အိန္ဒု-ကော့ကရိတ်လမ်းပိုင်း အဆင့်မြင့်တင်ခြင်းစီမံကိန်း ရိုးမဟာ အပိုင်း ပြီးစီးနေမှုအခြေအနေများကို ကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)