သတင်းများ

လှိုင်းဘွဲမြို့နယ်၌ ပန်းခင်းစီမံချက်နှင့်ပတ်သက်၍ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်‌ရေးမှူးများနှင့် စာရေးဝန်ထမ်းများအား ဆောင်ရွက်မည့်လုပ်ငန်းစဉ် အဆင့်ဆင့်အား ရှင်းလင်းဆွေးနွေး
May 02,2021
ကရင်ပြည်နယ် လှိုင်းဘွဲ မြို့နယ်၌ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ လှိုင်းဘွဲမြို့နယ်အအတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု  စာရေးဝန်ထမ်းများအား ပန်းခင်း စီမံချက်နှင့် ပတ်သက်၍ ဆောင်ရွက်မည့်လုပ်ငန်းစဉ်အဆင့်ဆင့်အား ရှင်းလင်းဆွေးနွေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ပြင်ဦးလွင်မြို့တွင် နွေရာသီ (အခြေခံ ) အားကစားသင်တန်းဖွင့်လှစ်
May 02,2021
ပြင်ဦးလွင် မေ ၂ ၂၀၂၁ ခုနှစ်၊ ပြင်ဦးလွင်ခရိုင် / မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မှ ဖွင့်လှစ်သည့် နွေရာသီ (အခြေခံ) အားကစားသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ( ၀၉:၃၀ ) နာရီက ပြင်ဦးလွင်ခရိုင်အားကစားခန်းမ(၁) ၌ ကျင်းပပြု လုပ်ရာ ခရိုင်/မြို့နယ် အဆင့်ဌာန ဆိုင်ရာ အကြီးအကဲများ၊ အားကာဆရာ/ဆရာမများ နှင့် သင်တန်းသား/သူများ ၊အားကစား နည်း အလိုက်ဆပ်ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဝါသနာရှင်ပြည်သူများတက်ရောက် ကြသည်။
ကယားပြည်နယ် ဘီလူးချောင်းသဘာဝရေပြင်သို့ ငါးမျိုးစိုက်ထည့်ခြင်းလုပ်ငန်းဆောင်ရွက်
May 01,2021
ကယားပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနသည် ပြည်နယ်အတွင်း ငါးသယံဇာတများ ထိန်းသိမ်းစေရေး ၊ ငါးမျိုး ပြန့်ပွားစေရေး ၊ ငါးထုတ်လုပ်မှု တိုးတက်စေရေးနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ အလုပ်အကိုင်နှင့် ဝင်ငွေရရှိစေရေးအတွက် ရည်ရွယ်၍ ပြည်နယ်အတွင်းရှိ သဘာဝရေပြင်များဖြစ်သည့် ရေကန်များ ၊ ချောင်းများ နှင့် ဆည်တမံများအတွင်းသို့ ငါးမျိုးများစိုက်ထည့်ခြင်းကို နှစ်စဉ်ဆောင်ရွက်လျက်ရှိရာ ယခုနှစ်တွင် ပထမအကြိမ် ငါးမျိုးများ စိုက်ထည့်မှုအဖြစ် ယမန်နေ့ နံနက် ၈:၀၀ နာရီတွင် လွိုင်ကော်မြို့နယ် ၊ သတ္တပလူကျေးရွာရှိ ဘီလူးချောင်း သဘာဝရေပြင်အတွင်းသို့ (၂)လက်မအရွယ်ရှိ ငါးခုံးမငါးသားပေါက်ကောင်ရေ (၁၀၀၀၀) နှင့် ရွှေဝါငါးကြင်းငါး သားပေါက်ကောင်ရေ (၄၀၀၀၀)တို့အား ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကိုကျင်းပခဲ့သည်။
ပျဉ်းမနားမြို့နယ်တွင် Change Over အပူချိန်လွန်ကဲရာမှ တစ်ဆင့် သင်္ကန်းအရောင်းဆိုင်တစ်ခု မီးလောင်
May 01,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ပျဉ်းမနားမြို့နယ်၊ ပေါင်းလောင်(၂)ရပ်ကွက်၊ ရာဇဌာနီလမ်းဘေးရှိ အိမ်အမှတ်(၁၅/၆၄၃) ဦးဟိန်းဇော်လတ် ပါရမီရှင်သင်္ကန်းတိုက်တွင် ယနေ့ နံနက် ၈ နာရီ၊ (၁၀)မိနစ်ခန့်က Change Over အပူချိန်လွန်ကဲ၍ မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။
မန္တလေး ဗဟိုအမျိုးသမီးဆေးရုံကြီး ပြန်လည်ဖွင့်လှစ်၍ လူနာများအား ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိ
May 01,2021
မန္တလေး ဗဟိုအမျိုးသမီးဆေးရုံကြီးကို ပြန်လည်ဖွင့်လှစ်ခဲ့ပြီး ပြင်ပလူနာများအပါအဝင် အတွင်းလူနာများကို ဆေးဝါးကုသမှုများ ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ စစ်ကိုင်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး
May 01,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်မောင်လင်းသည် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနဆိုင်ရာ အကြီးအကဲများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက စစ်ကိုင်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
ကော့သောင်းနယ်စပ်ဂိတ်မှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာရွေ့ပြောင်းအလုပ်သမားများအား အသွားအလာ ကန့်သတ်စောင့်ကြည့်ထားရှိ
May 01,2021
နေရပ်ပြန်မြန်မာရွှေ့ပြောင်း အလုပ်သမား ၂၂၅ဦး တို့သည် ယနေ့နံနက်ပိုင်းက ထိုင်းနိုင်ငံရနောင်းမြို့မှ တဆင့် မြန်မာနိုင်ငံကော့သောင်းမြို့ကို ရေလမ်းခရီးမှ ပြန်လည်ဝင်ရောက်လာကြကြောင်းသိရသည်။
(၇၅)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စိန်ရတုအထိမ်းအမှတ် အစီအစဉ်များ ဆောင်ရွက်
May 01,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့ မီးသတ်တပ်ဖွဲ့မှ (၇၅)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် စိန်ရတုအထိမ်းအမှတ် အစီအစဉ်များကို ယနေ့ နံနက်ပိုင်း က ရွှေကြို့မြေဘိုးဘွားရိပ်သာတွင် ဆောင်ရွက်ခဲ့သည်။