မွန်ပြည်နယ်အတွင်းနေထိုင်ကြသော ပြည်သူများအား ဥပဒေနှင့် အညီ အိမ်ထောင်စုလူဦးရေ စာရင်းနှင့် ကိုင်ဆောင်လက်မှတ် ထုတ်ပေးရေးလုပ်ငန်းစီမံချက်(ပန်းခင်းစီမံချက်) ရှင်းလင်းပွဲကို ယနေ့နံနက် ၁၀ နာရီက မော်လမြိုင်မြို့ မွန်ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ပြည်နယ်ဦးစီးမှုးရုံး၌ ကျင်းပသည်။
ပြည်သူများအား ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ်ထုတ် ပေးရေးလုပ်ငန်းစီမံချက် (ပန်းခင်းစီမံချက်) ရှင်းလင်းပွဲတွင် မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဇော်လင်းထွန်းက “စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရာတွင် လွတ်လပ်ပြီး တရားမျှတသော အထွေထွေရွေးကောက်ပွဲဖြစ်ရန်လိုအပ်သောကြောင့် မဲဆန္ဒရှင်စာရင်းတွင် ရွေးကောက်ပ ွဲဥပဒေအရ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများသာ ပါရှိရန်လိုအပ်ပြီး ထိုသူများ၏ ကိုင်ဆောင်လက် မှတ်များကို ထည့်သွင်းဖော်ပြနိုင်ရေးအတွက် ၎င်းတို့၏ နိုင်ငံသားအရည်အချင်းကို မြန်မာနိုင်ငံသား ဥပဒေနှင့် အညီစိစစ်ပြီး ရပိုင်ခွင့်ရှိသော နိုင်ငံသားစိစစ်ရေးကတ်၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့် လက်မှတ် တစ်မျိုးမျိုးထုတ်ပေးရေး လုပ်ငန်းစီမံချက်ကို ပန်းခင်း စီမံချက်အမည်ဖြင့် အချိန်မီပြီးစီး အောင်မြင်ရန် ဆောင်ရွက်သွားရမှာဖြစ်ပါကြောင်း၊
ယခုရှင်းလင်းပွဲသို့တက်ရောက်လာကြသော ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဦးစီးမှူးများအနေဖြင့် ယခင်ကာလများတွင် စီမံချက်ဖြင့် ဆောင်ရွက်သည့်လုပ်ငန်း အတွေ့အကြုံရှိပြီးဖြစ်ကြ၍ ယခုပန်းခင်း စီမံချက်ကိုလည်း အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဟု မိမိအနေဖြင့် ယုံကြည်ကြောင်း၊ စီမံချက်လုပ်ငန်း အောင်မြင်ရေးအတွက် မိမိတို့ပြည်နယ ်စီမံအုပ်ချုပ်ရေး ကောင်စီမှလည်း လိုအပ်သလို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါကြောင်း” ပြောကြားသည်။
ထို့နောက် ပြည်သူများအား ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်လက် မှတ်ထုတ်ပေးရေးလုပ်ငန်းစီမံချက် (ပန်းခင်းစီမံချက်)အကြောင်းကို မွန်ပြည်နယ်လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဆိုင်ရာ ပြည်နယ်ဦးစီးမှုး ဦးတင်ချယ်က Power Point ဖြင့် ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသော မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဝင်များနှင့် တာဝန်ရှိသူများတို့က ပန်းခင်းစီမံချက်နှင့် ပက်သက်၍ အပြန်အလှန်ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် အိမ်ထောင်စုလူဦးရေစားရင်း Digitallize စွမ်းဆောင်ရည်ဆု ရရှိသည့် ချောင်းဆုံ မြို့နယ်အား မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌမှ ဂုဏ်ပြုဆုချီးမြှင့်ပြီး ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌမှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။
အဆိုပါ ပန်းခင်းစီမံချက်ကို ၂၀၂၁ ခုနှစ် မေလ ၃ ရက်နေ့မှ စတင်ကာ ဆောင်ရွက်သွားမည့် ဖြစ်ပြီး မွန်ပြည်နယ်တွင် မဲဆန္ဒရှင်စာရင်းအရ ဆောင်ရွက်ရန်ကျန်ရှိသူ(၁၆၈၁၂၉) ဦး၊ အိမ်ထောင်စု စာရင်းအရ ဆောင်ရွက်ရန်ကျန်ရှိသူ(၁၁၉၈၅၄) ဦးနှင့် (၁- ၄- ၂၀၂၁) မှ (၁- ၄- ၂၀၂၂) အတွင်း အသက် ၁၈ နှစ် ပြည့်လာမည့်သူ (၆၀၆၀) ဦး စုစုပေါင်း (၂၉၄၀၄၃) ဦးကို အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ်များ ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)