ကြို့ပင်ကောက် မေ ၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့ မီးသတ်တပ်ဖွဲ့မှ (၇၅)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စိန်ရတုအထိမ်းအမှတ် အစီအစဉ်များကို ယနေ့ နံနက်ပိုင်း က ရွှေကြို့မြေဘိုးဘွားရိပ်သာတွင် ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်မီးသတ်ဦးစီးမှူး ရုံးရှေ့တွင် မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်တပ်ဖွဲ့နေ့ ဂုဏ်ပြု ဆိုင်းဘုတ်စိုက်ထူးခြင်း ရွှေကြို့မြေ ဘိုးဘွားရိပ်သာခြံဝန်းအတွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်း အိမ်ထောင်သည် ရဲမေများက အဘိုး(၅)ဦး နှင့် အဘွား(၁၀)ဦးတို့၏ ခြေသည်း လက်သည်းများ ညှပ်၍ တစ်ကိုယ်ရည် သန့်ရှင်းရေးများ ဆောင်ရွက်ပေးခြင်း အဘိုးအဘွားတို့၏ အသုံးအဆောင် အဝတ်အထည် များအား လျှော်ဖွတ်ပေးခြင်း အစီအစဉ်များ ဆောင်ရွက်ခဲ့သည်။
မေလ(၅) ရက်နေ့မှာ ကျရောက်တဲ့ (၇၅)နှစ်မြောက် စိန်ရတုမြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိ ဒီနေ့ကစပြီး ပြည်သူ့ အကျိုးပြု ဂုဏ်ပြုအထူးအစီအစဉ်တွေကို နေ့စဉ်ဆောင်ရွက်သွားမှာပါဟု မြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲလင်းအောင်က ပြောသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)