လှိုင်းဘွဲမြို့နယ်၌ ပန်းခင်းစီမံချက်နှင့်ပတ်သက်၍ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်‌ရေးမှူးများနှင့် စာရေးဝန်ထမ်းများအား ဆောင်ရွက်မည့်လုပ်ငန်းစဉ် အဆင့်ဆင့်အား ရှင်းလင်းဆွေးနွေး

လှိုင်းဘွဲ     မေ   ၂

ကရင်ပြည်နယ် လှိုင်းဘွဲ မြို့နယ်၌ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ လှိုင်းဘွဲမြို့နယ်အအတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု  စာရေးဝန်ထမ်းများအား ပန်းခင်းစီမံချက်နှင့် ပတ်သက်၍ ဆောင်ရွက်မည့်လုပ်ငန်းစဉ်အဆင့်ဆင့်အား ရှင်းလင်း ဆွေးနွေး ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါပန်းခင်းစီမံချက်နှင့်ပတ်သက်၍  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦး၀င်းသန်းက အဖွင့်အမှာ စကားပြောကြားပြီး ကရင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ ပြည်နယ်ဒုတိယဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူးဦး‌အောင်၀င်းက ပန်းခင်းစီမံချက်နှင့် ပတ်သက်၍ အိမ်ထောင်စုစာရင်းများ ကောက်ယူပြုလုပ် ဆောင်ရွက်ခြင်းများနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရပ်ကွက်/ကျေးရွာအုပ်စုများအတွင်း ကွင်းဆင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များအား ရှင်းလင်းဆွေးနွေးပြောကြားသည်။

ထို့နောက်တက်ရောက်လာကြသည့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ စာရေးဝန်ထမ်းများမှ မရှင်းလင်းသည့် အချက်အလက်များနှင့် သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကာ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးဖြေကြား ပေးခဲ့ကြောင်းသိရသည်။

မြို့နယ် (ပြန်/ဆက်)