ပြင်ဦးလွင် မေ ၂ ၂၀၂၁ ခုနှစ်၊ ပြင်ဦးလွင်ခရိုင် / မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မှ ဖွင့်လှစ်သည့် နွေရာသီ (အခြေခံ) အားကစားသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ( ၀၉:၃၀ ) နာရီက ပြင်ဦးလွင်ခရိုင်အားကစားခန်းမ(၁) ၌ ကျင်းပပြု လုပ်ရာ ခရိုင်/မြို့နယ် အဆင့်ဌာန ဆိုင်ရာ အကြီးအကဲများ၊ အားကာဆရာ/ဆရာမများ နှင့် သင်တန်းသား/သူများ ၊အားကစား နည်း အလိုက်ဆပ်ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဝါသနာရှင်ပြည်သူများတက်ရောက် ကြသည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ မှ အဖွဲ့ဝင် ( ၁ ) ဉီးစိုင်းအောင်ကြည် မှ အဖွင့်အမှာ စကားပြောကြားပြီး တာဝန် ရှိသူများက အားကစားနည်းအလိုက် ပညာရပ်များ၊ သင်တန်း ဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များကို အသေးစိတ်ရှင်း လင်းပြောကြားခဲ့ခြင်း ၊ သင်တန်းတက်ရောက်မည့် ကျောင်းသား/ကျောင်း သူများ ကို သင်တန်းကာလအတွင်း သင်တန်းစည်းကမ်းနှင့်အညီ လိုက်နာ ကျင့်သုံးရေး နှင့်အားကစားပညာရပ်များကို စနစ်တကျသင်ယူ လေ့ကျင့် ရန် ပြောကြားခဲ့ပြီးနောက် အားကစားနည်းအလိုက် သရုပ်ပြအဖွဲ့များကို ဂုဏ်ပြုဆုငွေများချီးမြှင့်ခဲ့သည် ။
ထို့နောက် ၂၀၂၁ ခုနှစ်၊ ပြင်ဦးလွင်မြို့နယ်အတွင်း ( ၂ - ၅ -၂၀၂၁ ) ရက်နေ့မှ ( ၃၀ - ၅ - ၂၀၂၁ ) အထိ ဖွင့်လှစ်သည့် နွေရာသီအခြေခံအားကစားနည်းများ ဖြစ်သည့် ကရာတေး၊ GYM ၊ ရိုးရာလက်ဝှေ့ ၊ ဘော်လီဘော ၊ စားပွဲတင် တင်းနစ် ၊ တိုက်ကွမ်ဒို ၊ ဘောလုံး ၊ ဖူဆယ် ၊ Myanmar Fitness Dance ၊ တင်းနစ် ၊ကြက်တောင် ၊ မြန်မာသိုင်း စသည့် အားကစားနည်း (၁၂ ) မျိုးကို တတ်ကျွမ်းသည့် ပညာရှင်များဖြင့် ကျန်းမာရေးညွှန်ကြား ချက်များနှင့်အညီ စနစ်တကျ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရ သည်။