ကော့သောင်းနယ်စပ်ဂိတ်မှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာရွေ့ပြောင်းအလုပ်သမားများအား အသွားအလာ ကန့်သတ်စောင့်ကြည့်ထားရှိ

ကော့သောင်း မေ

နေရပ်ပြန်မြန်မာရွှေ့ပြောင်း အလုပ်သမား ၂၂၅ဦး တို့သည် ယနေ့နံနက်ပိုင်းက ထိုင်းနိုင်ငံရနောင်းမြို့မှ တဆင့် မြန်မာနိုင်ငံကော့သောင်းမြို့ကို  ရေလမ်းခရီးမှ ပြန်လည်ဝင်ရောက်လာကြကြောင်းသိရသည်။

အဆိုပါ မြန်မာအလုပ်သမားများမှာ COVID-19 ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း အကြောင်းအမျိုးမျိုးဖြင့် ပြည်ပတွင် ပိတ်မိနေသူများ ဖြစ်ကာ ပြန်လည်ဝင်ရောက်လာသည့် အလုပ်သမားများကို ကော့သောင်းခရိုင်နှင့် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများ ဌာနဆိုင်ရာများ၊ NGO အဖွဲ့အစည်းများက COVID-19  ရောဂါ ကူးစက်မှု သံသယရှိသူများ ပါဝင်လာခြင်းရှိ မရှိ၊ မြန်မာနိုင်ငံသား  မဟုတ်သူများ ပါဝင်လာခြင်းရှိမရှိ စစ်ဆေး လက်ခံခဲ့ပြီး အစားအသောက်၊ ကျန်းမာရေးနှင့် လိုအပ်သည့် ထောက်ပံ့ကူညီမှုများဆောင်ရွက်ပေးခဲ့ကြသည်။

ယခုရက်ပိုင်းအတွင်း ထိုင်းနိုင်ငံအနှံ့ COVID-19 ရောဂါ ကူးစက်မှုမြင့်တက်နေခြင်းကြောင့် ပြန်လည်ဝင်ရောက် လာသူများကို ကော့သောင်းမြို့ရှိ Community Based Facility Quarantine Center ()ခုတွင် အထူး ကြပ်မတ်ကာ Facility Quarantine (၁၄)ရက် အသွားအလာ ကန့်သတ် ထားရှိစောင့်ကြည့်ပြီး ကိုဗစ်၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခြင်း မရှိမှသာ မိမိတို့နေထိုင်ရာ နေရပ်အသီးသီးသို့ ပြန်လည်ပို့ဆောင်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

 ကျော်စိုး(ကော့သောင်း)