သတင်းများ

ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစောမြင့်ဦး တရုတ်လှမြစ်ရေတင်လုပ်ငန်းနှင့် ဘားအံငါးလုပ်ငန်းစခန်းနှင့် အိန္ဒုတိုက်နယ်ဆေးရုံတို့အား ကြည့်ရှုစစ်ဆေး
May 02,2021
ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစောမြင့်ဦးသည် အဖွဲ့ဝင်(၁) ဗိုလ်မှူးကြီး မျိုးမင်းနောင်၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက ဘားအံမြို့ တရုတ်လှမြစ်ရေတင်လုပ်ငန်းနှင့် ဘားအံငါးလုပ်ငန်းစခန်းတို့အား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်း စစ်ကိုင်းခရိုင်အတွင်း ဒေသဖွံ့ဖြိုး ရေး လုပ်ငန်းများ ကြည့်ရှုစစ်ဆေး
May 02,2021
စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်းသည် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီ အဖွဲ့ဝင်များဖြစ်ကြသော ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ ဒေါ်ရီရီသန်းနှင့်
ဘားအံမြို့ သာသနာ့ဝေစည်ဓမ္မဗိမာန်တော်ကြီး ရတနာအုတ်မြစ်တော်စီ မဟာမင်္ဂလာ အခမ်းအနားကျင်းပ
May 02,2021
ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ်(၉)ရပ်ကွက်၊ မြို့ကျက်သရေဆောင် ကြာအင်းတောင်ခြေ၌ တည်ဆောက်မည့် သာသနာ့ဝေစည် ဓမ္မဗိမာန်တော်ကြီး ရတနာအုတ်မြစ်တော်စီ မဟာမင်္ဂလာ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါဗိမာန်တော်ကြီးတည်ဆောက်မည့် မြေနေရာ၌ ကျင်းပသည်။
ပြည်တွင်းဈေးကွက်တွင် သရက်သီးများ ရောင်းဝယ်မှု ပုံစံပြောင်းလာ
May 02,2021
ပြည်တွင်းဈေးကွက်တွင် သရက်သီးရောင်းဝယ်မှုပုံစံများပြောင်းလာပြီး အွန်လိုင်းမှ ဈေးကွက်ရှာ၍ ရောင်းဝယ်မှုများမှာ သိသာစွာလျော့နည်းလာကြောင်း   မြန်မာ့သရက်ဈေးကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်း(မန္တလေး)မှ တာဝန်ရှိသူတစ်ဦးထံကသိရသည်။
မိရိုးဖလာလုပ်ငန်းဖြစ်သည့် နတ်မြားတံမြက်စည်းနှင့် အုန်းလက်တံမြက်စည်း လုပ်ကိုင်သူများ မိသားစုအပိုဝင်ငွေရရှိ၍ အဆင်ပြေ
May 02,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့ အမှတ်(၂) ရပ်ကွက်တွင် အဘိုးအဘွား လက်ထက်မှစ၍ ယနေ့အထိ လက်ဆင့်ကမ်းလုပ်ကိုင်လျက်ရှိသော အိမ်တွင်းမှုတစ်ပိုင်တစ်နိုင် နတ်မြားတံမြက်စည်းနှင့် အုန်းလက်တံမြက် စည်းလုပ်ကိုင်သူများအနေဖြင့် မိသားစု အပိုဝင်ငွေရရှိပြီး အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ပလင်းကမ်းကမ်းသာယာ ဆင်စခန်းမကြာမီဖွင့်လှစ်မည်ဖြစ်ကာ ပြန်လည်ဖွင့်လှစ်ချိန် ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင်ထားရှိ
May 02,2021
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် အနောက်ပုလင်းကျေးရွာအနီး၊ ဧရာဝတီ မြစ်ကမ်းဘေးတွင်၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြန်မာ့ သစ်လုပ်ငန်းကဖွင့်လှစ်ထားရှိသည့် ပလင်းကမ်းသာယာဆင်စခန်း မကြာမီပြန်လည်ဖွင့် လှစ်တော့မည်ဖြစ်ကြောင်း ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးဖွဲ့ထံကသိရသည်။
ကော့ကရိတ်ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ပြည်သူများအား နေ့စဉ်ကျန်းမာရေး စောင့်ရှောက် ပေးလျက်ရှိ
May 02,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ဒေသခံပြည်သူများသာမက ရပ်နီးရပ်ဝေးမှ ပြည်သူများအား ကျန်းမာရေးနှင့် ကုသရေးဆိုင်ရာကိစ္စရပ်များ၊ အရေးပေါ် လူနာများအား အရေးပေါ်ကုသရေးခန်းတွင် ဆရာဝန်ကြီး၊ သက်ဆိုင်ရာဆရာဝန်များ၊ ကျန်းမာရေး ဝန်ထမ်းများက နေ့စဉ် နေ့/ည ၂၄ နာရီ ဖွင့်လှစ်၍ ကုသစောင့်ရှောက်ပေးလျက်ရှိကြောင်း သိရသည်။
တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီမှ မဟာအောင်မြေမြို့နယ်ရှိ  မဟာဝိဇယ ကျောင်းတိုက်မှ သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်း
May 02,2021
မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီမှ မန္တလေးမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများမှ သံဃာတော်များအား နေ့ဆွမ်းများ ဆပ်ကပ်လှူဒါန်းလျက်ရှိရာ မေလ(၂)ရက်နေ့တွင် မဟာအောင်မြေမြို့နယ်၊ မဟာမြိုင် (၂)ရပ်ကွက်၊ လမ်း ၆၀၊ ၄၀×၄၁ လမ်းကြားရှိ မဟာဝိဇယ ကျောင်းတိုက်ရှိ သံဃာတော်များအား  အောင်သံသာရတနာ ကျောင်းဆောင်တွင် နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။