စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်း စစ်ကိုင်းခရိုင်အတွင်း ဒေသဖွံ့ဖြိုး ရေး လုပ်ငန်းများ ကြည့်ရှုစစ်ဆေး

မုံရွာ မေ ၂

စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်းသည် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီ အဖွဲ့ဝင်များဖြစ်ကြသော ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ ဒေါ်ရီရီသန်းနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ အကြီးအကဲများ လိုက်ပါလျက် ဧပြီလ(၃၀)ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး ဆွမ်းဦးပုညရှင် စေတီတော်မြတ်ကြီးအား ဖူးမျှော်ကြည်ညိုပြီး အလှူငွေများ ဆပ်ကပ်လှူဒါန်းကာ ဆွမ်းဦးပုညရှင် စေတီမြတ်ကြီး ပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးတို့အား လှည့်လည်ကြည့်ရှု့ စစ်ဆေးပြီး ဧည့်သည်တော် မှတ်တမ်းတွင် လက်မှတ် ရေးထိုးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်းနှင့် အဖွဲ့ဝင်များသည် စစ်ကိုင်းခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း (စစ်ကိုင်း)နှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ရာ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်းက အဖွင့်အမှာစကား ပြောကြားပြီး ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးအောင်ကြီးက ကျောက်မျက် ရတနာအသင်းရုံး အဆောက်အဦမြေနေရာနှင့် ကျောက်မျက်ရတနာ ဈေးပွဲရောင်းချမည့် လုပ်ငန်း အခြေ အနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်းက ကျောက်မျက် ရတနာအသင်းရုံး အဆောက်အဦမြေနေရာနှင့် ကျောက်မျက်ရတနာ ဈေးပွဲရောင်းချမည့်ရက်နှင့် ကျောက်မျက် ရတနာ OSS ရုံးအား ရုံးဖွင့်ရက် ()ရက် သက်မှတ်ပေးရေးအား တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်းနှင့် အဖွဲ့ဝင်များသည် စစ်ကိုင်းမြို့တွင် ဖွင့်လှစ်ထားရှိသော Information Access Centre သို့ ရောက်ရှိရာ ပြည်တွင်း / ပြည်ပ ခရီးသွားများအတွက် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အထင်ကရနေရာများသို့ ခရီးသွားလာမှု အဆင်ပြေစေရန်၊ ရင်းနှီးမြတ်နှံမှု အချက်အလက်များ ရှာဖွေရန်ရည်ရွယ်၍ ဖွင့်လှစ်ထားရှိသော Information Access Centre အခြေ အနေများအား ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးအောင်သူဦးက လိုက်လံ ရှင်းလင်းပြသကာ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်းနှင့် တာဝန်ရှိသူများက Information Access Centre အတွင်း လှည့်လည်ကြည့်ရှု့ စစ်ဆေးခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်းနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ စက်မှုဇုန်စီမံခန့်ခွဲမှု ကော်မတီရုံး အစည်းအဝေးခန်းမတွင် စက်မှုဇုန် လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့  တက်ရောက်ရာ  တိုင်းဒေသကြီး  စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်းက  အဖွင့်အမှာစကား ပြောကြားပြီး စက်မှုဇုန်လုပ်ငန်းရှင်များက မိမိတို့ လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေ များနှင့် ပတ်သက်၍ တင်ပြချက်များအပေါ် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်း က လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်းနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့နယ်၊ အုန်းတောကျေးရွာရှိ ပြည်ထောင်စုတိုင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်သို့ ရောက်ရှိရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ရီရီတင်က စာသင်နှစ် ပြန်လည်ဖွင့်ချိန်တွင် အဆင်သင့်ဖြစ်စေရေး ပြင်ဆင်ထားရှိမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းတင်ပြရာ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်းနှင့် အဖွဲ့ဝင်များက လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက် ပေးကာ ကျောင်းဖွင့်ချိန်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ ပြင်ဆင် ထားရှိသည့် စာသင်ဆောင်၊ အိပ်ဆောင်များနှင့် စားရိပ်သာအဆောင်များအား လှည့်လည်ကြည့်ရှု့ စစ်ဆေး ခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်းနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့နယ်၊ ရွာသစ်ကြီးကျေးရွာရှိ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေး တက္ကသိုလ်သို့ ရောက်ရှိ ရာ ခေတ္တပါမောက္ခချုပ် ဦးဇော်လင်းက စာသင်နှစ် ပြန်လည်ဖွင့်ချိန်တွင် အဆင်သင့် ဖြစ်စေရေး ပြင်ဆင်ထားရှိမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းတင်ပြရာ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးမောင်မာင်လင်းနှင့် အဖွဲ့ဝင်များက လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက် ပေးကာ ကျောင်းစာ ကြည့်တိုက်၊ ပြတိုက်နှင့်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ ပြင်ဆင် ထားရှိသည့် စာသင်ဆောင်၊ အိပ်ဆောင်နှင့် စားရိပ်သာ အဆောင်များအား လှည့်လည်ကြည့်ရှု့စစ်ဆေးခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်းနှင့် တာဝန်ရှိသူများသည် မြင်းမူမြို့၊ ပျော့ရွာမြစ်ရေတင်စီမံကိန်း ရှင်းလင်းဆောင်သို့ ရောက်ရှိရာ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန   (ရေအရင်းအမြစ်တိုင်းဒေသကြီးဦးစီးမှူး ဦးသိန်းမြင့်က ပျော့ရွာ မြစ်ရေတင် စီမံကိန်းမှ စိုက်ပျိုးရေပေးဝေနေမှု အခြေအနေများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်းက ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများ ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ ရေတင်စက် (၃၀) ကျူ့ဆက် စက်ကြီး များဖြင့် စိုက်ပျိုးရေတင် နေမှုများအား ကြည့်ရှု့စစ်ဆေးခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်းနှင့် တာဝန်ရှိသူများသည် မြင်းမူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး ရွှေပြည်သာ အစည်းအဝေးခန်းမတွင် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့တက်ရောက်ရာ တိုင်းဒေသကြီး စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ  ဦးမောင်မောင်လင်းက  အဖွင့်အမှာစကား  ပြောကြားပြီး  မြို့နယ်အဆင့် ဌာနဆိုင် ရာများမှ မိမိတို့လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများနှင့် မြို့မိမြို့ဖများမှ မြို့၏ဖွံဖြိုးရေး လုပ်ငန်းများနှင့် ပတ်သက်၍ အသီးသီးဆွေးနွေးတင်ပြကြသည်။

ယင်းနောက် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်းက အသီးသီး ဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိများနှင့် ဖြည်းဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်းနှင့် တာဝန်ရှိသူများသည် မြင်းမူမြို့၊ ဧရာဝတီမြစ်ကမ်း အလျား(၁၅၀×၁၅)ပေ၊ ကမ်းပြိုကာကွယ်ရေး မြစ်ကမ်းပါး ထိန်းသိမ်းရေး လုပ်ငန်းနှင့် မြင်းမူမြို့၊ ပြည်သူ့ဆေးရုံရှိ ဓာတ်မှန်ခန်း၊ ခွဲစိတ်ခန်း၊ ဆေးသိုလှောင်ခန်းတို့အား လှည့်လည် ကြည့်ရှု့ စစ်ဆေးပြီး ဆေးကုသမှုခံယူနေသော လူနာများအား လှည့်လည်ကြည့်ရှု့ အားပေးစကားပြောကာ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

မုံရွာခရိုင်