ကော့ကရိတ် မေ ၂
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ဒေသခံပြည်သူများသာမက ရပ်နီးရပ်ဝေးမှ ပြည်သူများအား ကျန်းမာရေးနှင့် ကုသရေးဆိုင်ရာကိစ္စရပ်များ၊ အရေးပေါ် လူနာများအား အရေးပေါ်ကုသရေးခန်းတွင် ဆရာဝန်ကြီး၊ သက်ဆိုင်ရာဆရာဝန်များ၊ ကျန်းမာရေး ဝန်ထမ်းများက နေ့စဉ် နေ့/ည ၂၄ နာရီ ဖွင့်လှစ်၍ ကုသစောင့်ရှောက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါပြည်သူ့ဆေးရုံကြီးတွင် ဆရာဝန်(၈)ဦး၊ သူနာပြုဆရာမ (၁၅)ဦးနှင့် အခြားအဆင့် ကျန်းမာရေး ဝန်ထမ်း (၁၇)ဦးတို့က သတ်မှတ်ရက်များအလိုက် လူနာများကို ကြည့်ရှုကုသပေး လျက်ရှိပြီး အရေးပေါ်ကျန်းမာရေး ကိစ္စများကို နေ့စဉ် နေ့/ည အချိန်မရွေး ကုသစောင့်ရှောက် ပေးလျက်ရှိကြောင်း သိရသည်။
စောအောင်မျိုးလွင်(ပြန်/ဆက်)