တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီမှ မဟာအောင်မြေမြို့နယ်ရှိ  မဟာဝိဇယ ကျောင်းတိုက်မှ သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်း

မန္တလေး   မေ   ၂

မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီမှ မန္တလေးမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများမှ သံဃာတော်များအား နေ့ဆွမ်းများ ဆပ်ကပ်လှူဒါန်းလျက်ရှိရာ မေလ(၂)ရက်နေ့တွင် မဟာအောင်မြေမြို့နယ်၊ မဟာမြိုင် (၂)ရပ်ကွက်၊ လမ်း ၆၀၊ ၄၀×၄၁ လမ်းကြားရှိ မဟာဝိဇယ ကျောင်းတိုက်ရှိ သံဃာတော်များအား  အောင်သံသာရတနာ ကျောင်းဆောင်တွင် နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

မဟာဝိဇယကျောင်းတိုက်ရှိ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းရာသို့ မန္တလေး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဒေါက်တာလှကြွယ်နှင့် တာဝန်ရှိသူများ၊ မဟာအောင်မြေမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်မြင့်ဦးနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ပြီး မဟာဝိဇယကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဝိစာရထံမှ ငါးပါးသီလနှင့် ရေစက်ချတရားတော်ကို နာယူကြည်ညိုပြီး လှူဖွယ်ပစ္စည်းများလှူဒါန်းကာ ဆရာတော် သံဃာတော်များအား နေ့ဆွမ်း ဆပ်ကပ်ခဲ့ကြသည်။

မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီသည် ဧပြီလ (၂၈)ရက်နေ့တွင် အောင်မြေသာစံမြို့နယ် ဥပုသ်တော်ရပ်ကွက်ရှိ ဖောင်တော်ဦးကျောင်းတိုက်၊ ဧပြီလ (၂၉)ရက်နေ့တွင် ပုသိမ်ကြီးမြို့နယ် ရန်ကင်းတောင်ရှိ သရက်တောကျောင်းတိုက်၊ ဧပြီလ (၃၀)ရက်နေ့တွင် ပြည်ကြီးတံခွန်မြို့နယ် တံခွန်တိုင်ရှိ မဟာသုဒ္ဓရာမပရိယတ္တိစာသင်တိုက်၊ မေလ (၁)ရက်နေ့တွင် ချမ်းအေးသာစံမြို့နယ် ပြည်ကြီးမျက်ရှင်ရပ်ကွက်ရှိ တောင်စလင်းကျောင်းတိုက်တို့ရှိ သံဃာတော်များအား နေ့ဆွမ်းဆပ်ကပ်ခဲ့ပြီး မေလ (၃)ရက်နေ့တွင် ချမ်းမြသာစည်မြို့နယ် အောင်သာယာရပ်ကွက်ရှိ ရတနာသိဒ္ဓိကျောင်းတိုက်နှင့် အမရပူမြို့နယ် မှန်တန်းရပ်ကွက်ရှိ ဆင်ဖြူမယ်ကျောင်းတိုက်တို့ကိုလည်း နေ့ဆွမ်း ဆက်ကပ်လှူဒါန်းသွားမည် ဖြစ်ကြောင်း သိရသည်။

ထွန်းထွန်းနိုင်