သတင်းများ

မြင်းခြံခရိုင် ပြည်သူ့ဆေးရုံကြီးသို့ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးပစ္စည်းများ ပေးအပ်လှူဒါန်း
May 11,2021
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ မြင်းခြံခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ပစ္စည်းများ ပေးအပ် လှူဒါန်းခြင်းကို ယနေ့နံနက် ၁၀ နာရီ အချိန်က ခရိုင်ပြည်သူ့ဆေးရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
ရန်ကုန်အရှေ့ပိုင်း(ဂန္ဒီ) ပြည်သူ့ဆေးရုံကြီးတွင် လူနာများအား ဆေးဝါးကုသမှုများ (၂၄)နာရီ ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိ
May 11,2021
ရန်ကုန်အရှေ့ပိုင်း(ဂန္ဒီ) ပြည်သူ့ဆေးရုံကြီး၌ အထူးကုပြင်ပလူနာဌာန အပါအဝင် အခြားသော သက်ဆိုင်ရာ ဆေးကုသမှု ဌာနများတွင် ပြင်ပလူနာ၊ အတွင်းလူနာများအား (၂၄)နာရီ ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးစက်မှုဇုန် များဖော်ဆောင်ရေးနှင့် ကြီးကြပ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်
May 11,2021
မကွေးတိုင်းဒေသကြီး စက်မှုဇုန်များဖော်ဆောင်ရေးနှင့် ကြီးကြပ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ယနေ့ နံနက် ၁၀ နာရီအချိန်က တိုင်းဒေသ ကြီး စီမံအုပ်ချုပ်ရေးကောင်စီ ရုံး အစည်းအဝေး၌ ကျင်းပရာ တိုင်း ဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တက်ရောက်၍ အမှာစကားပြောကြားသည်။
ကျောက်တံခါးမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးလျက်ရှိ
May 11,2021
ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ မြို့နယ်ဦးမှူးနှင့် ဝန်ထမ်းများသည် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများကို မေလပထမ ပတ်မှ စတင်၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
ထန်းတပင်၌ အခြေခံမော်တာ စက်ချုပ်သင်တန်းဖွင့်လှစ်
May 11,2021
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရေးနှင့် ကျေးလက်ကုန်ထုတ် လုပ်ငန်းများအတွက် လိုအပ်သည့် နည်းပညာ အကူအညီများ ရရှိစေရန် ရည်ရွယ်၍ ရေဖြူကျေးရွာအုပ်စု၊ အုတ်ဖိုကျေးရွာတွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံမော်တာစက်ချုပ် သင်တန်းကို အဆိုပါ ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း၌ ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း ထန်းတပင် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ သိရသည်။
၂၀၂၁ ခုနှစ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
May 11,2021
၂၀၂၁ ခုနှစ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်း အဝေးခန်းမ၌ ကျင်းပခဲ့သည်။
ပြည်မြို့နယ် သံပုရာပင်ကျေးရွာ၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံအပ်ချုပ်စက် သင်တန်းဖွင့်လှစ်
May 11,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ် ပေါက်နွယ်ခြုံကျေးရွာအုပ်စု သံပုရာပင်ကျေးရွာ ၌ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် အသက်မွေးဝမ်းကြောင်း အထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်းကို မေ ၁ ရက် နေ့မှ ၃၀ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။
သင်္ဃန်းကျွန်းမြို့နယ်၌ အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်
May 11,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်၌ အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် ယနေ့ နံနက်ပိုင်းက ပညာရေးဌာနဝန်ထမ်းများက ပြင်ဆင်ဆောင်ရွက်မှုများကို စုပေါင်းပြုလုပ်ခဲ့ ကြသည်။