ကျောက်တံခါး မေ ၁၁
ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ မြို့နယ်ဦးမှူးနှင့် ဝန်ထမ်းများသည် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများကို မေလပထမပတ်မှ စတင်၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
အဆိုပါ ပန်းခင်းစီမံချက်ကို ဆောင်ရွက်ရာတွင် အသက်(၁၆ နှစ်မှ ၁၈ နှစ်ထိ) နှင့် (၁၈ နှစ်မှ အထက်) ရှိသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။ ကျောက်တံခါး မြို့နယ်တွင် အသက်(၁၈)နှစ်ပြည့် လူဦးရေ(၁၇၃၅၁၀)ဦး ရှိသည့်အနက် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ရန်ကျန်ရှိသည့် (၇၀၈၃)ဦးအား ပန်းခင်းလမ်းစီမံချက်ဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်းနှင့် ပန်းခင်းစီမံချက်ကို ၂၀၂၁ ခုနှစ်၊ မေလမှစတင်၍ (၁၆) ပတ်ကြာ ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း မြို့နယ်လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်သန်းလှိုင်က ပြောကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)