မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးစက်မှုဇုန် များဖော်ဆောင်ရေးနှင့် ကြီးကြပ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

မကွေး မေ ၁၁ မကွေးတိုင်းဒေသကြီး စက်မှုဇုန်များဖော်ဆောင်ရေးနှင့် ကြီးကြပ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ယနေ့ နံနက် ၁၀ နာရီအချိန်က တိုင်းဒေသ ကြီး စီမံအုပ်ချုပ်ရေးကောင်စီ ရုံး အစည်းအဝေး၌ ကျင်းပရာ တိုင်း ဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တက်ရောက်၍ အမှာစကားပြောကြားသည်။ အစည်းအဝေးတွင် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးတင့်လွင် က မကွေးတိုင်း ဒေသကြီး အတွင်း တည်ထောင်ပြီး စက်မှုဇုန်(၂)ခု ရှိပါ ကြောင်း၊ ရေနံချောင်း စက်မှုဇုန်မှာ (၁၀၀)ပေ ပတ် လည်(၁၇၈) ကွက်ရှိပြီး၊ အကျယ်အဝန်းမှာ(၁၇၉.၇၁)ဧက ရှိပါကြောင်း၊ ရေနံချောင်း ဇုန်အတွင်း မှတ်ပုံတင်ပြီးလုပ်ငန်း(၁၀၅)ခုရှိပြီး၊အများဆုံးမှာ စားသောက်ရေးလုပ်ငန်းများ ဖြစ်ကြောင်း၊ ပခုက္ကူဇုန် က (၁၀၀)ပေ ပတ်လည် မြေကွက်ပေါင်း(၈၉၈)ကွက် ဖော်ထုတ်ထားပြီး၊ အကျယ်အဝန်းမှာ(၃၇၈.၈) ဧက ရှိကြောင်း၊ ပခုက္ကူ စက်မှုဇုန်အတွင်း မှတ်ပုံတင်ပြီးလုပ်ငန်း(၂၂၀)ခုရှိပြီး၊ အများစုကတော့ စားသောက်ရေးလုပ်ငန်းများ ပင်ဖြစ်ကြောင်း ၊နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ ၏ လမ်းညွှန် ချက်နှင့် အညီ တိုင်းဒေသကြီး မြို့တော် မကွေးမြို့တွင် စက်မှုဇုန်အသစ်တစ်ခု အကောင်အထည်ဖော် ဆောင်ရွက် ရန်အတွက် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ(၂၆)ရက်နေ့တွင် ပြဌာန်းထားသည့် စက်မှုဇုန် ဥပဒေပါ ပြဌာန်းချက်များအတိုင်း အကောင်အထည်ဖော်ဆောင်ရွက် ရမှာဖြစ်ကြောင်း၊ လိုအပ်သည့် မြေနေရာ အကျယ်အဝန်း၊ လမ်းပန်း ဆက်သွယ် ရေး အနေအထား၊ကုန်ကြမ်းရရှိမှု အခြေအနေတို့ကို ကော်မတီအဖွဲ့ဝင်များ ဝိုင်းဝန်းဆွေးနွေးပေးစေလိုကြောင်း စသည်ဖြင့် အမှာစကားပြောကြားသည်။ ဆက်လက်၍ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်(၄) ဦးစိုးပိုင်မြင့် က မကွေးတိုင်း ဒေသကြီး စက်မှုဇုန်များဖော်ဆောင်ရေးနှင့် ကြီးကြပ်ရေး ကော်မတီ ဆိုင်ရာ လုပ်ငန်းများ၊ စက်မှုဇုန် ဖော်ဆောင် ရေးဆိုင်ရာ ကိစ္စရပ် များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြဆွေးနွေးပြီး၊ တိုင်းဒေသကြီး စက်မှုဇုန်များ ဖော်ဆောင်ရေးနှင့် ကြီးကြပ်ရေးကော်မတီ တွဲဖက်အတွင်း‌ရေးမှူးက ကော်မတီဆိုင်ရာ လုပ်ငန်း များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကာ၊ တိုင်း ဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ နှင့် တိုင်းဒေသကြီး စက်မှု ဇုန်များဖော်ဆောင်ရေးနှင့်ကြီးကြပ်ရေးကော်မတီဝင်များက ကော်မတီ ဆိုင်ရာ လုပ်ငန်းများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သန်းနိုင်ဦး