မြင်းခြံ မေ ၁၁
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ မြင်းခြံခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ပစ္စည်းများ ပေးအပ် လှူဒါန်းခြင်းကို ယနေ့နံနက် ၁၀ နာရီ အချိန်က ခရိုင်ပြည်သူ့ဆေးရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင့်လှိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမင်းသိန်း၊ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးနေအောင်ကျော်တို့မှ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး ပစ္စည်းများ ဖြစ်သော PPE Level -2 အစုံ ၅၀၊ PPE Level -3 အစုံ ၅၀၊ မျက်မှန် ၅၀ ခု၊ Face Shield ၅၀ ခု၊ OT Cap ၂၅၀ ခု၊ ကာဘော်လစ် ဆပ်ပြာ ၅၀ တောင့်တို့ ပေးအပ်ခဲ့ရာ ခရိုင် ပြည်သူ့ဆေးရုံအုပ် ဒေါက်တာဝင်းစည်သူ က လက်ခံရယူခဲ့သည်။ အဆိုပါ ပေးအပ်ပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင့်လှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမင်းသိန်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်ပြည်သူ့ဆေးရုံအုပ် ဒေါက်တာဝင်းစည်သူနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးနေအောင်ကျော်နှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ကျော်စွာ(မြင်းခြံ)