အုတ်ဖိုမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ပုံမှန်ဆောင်ရွက်
May 12,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များကို ပုံမှန်ဆောင်ရွက်လျက် ရှိရာ ကျက်ဆူတော-ထူးချောင်း-ရွာသစ်-ပိန်းကွေ့-ချောင်းနားလမ်း ကျောက်ချောခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်စီမံ အုပ်ချုပ်ရေးကောင်စီဥက္က မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မင်းအဖွဲ့မှ လိုက်လံ ကြည့်ရှုစစ်ဆေးခဲ့ပြီး သက်မှတ် ကာလအတွင်း အမြန်ဆုံးပြီးစီးနိုင်ရေးနှင့် စံချိန်စံညွှန်း ပြည့်မီစွာ ဆောင်ရွက်နိုင်ရေး မှာကြားခဲ့ ကြောင်း သိရသည်။