သတင်းများ

ညောင်ဦးမြို့နယ် မြေအောက်ရေသွင်းစိုက်ပျိုးထားသည့် နွေပဲတီစိမ်းများဈေးကောင်းရရှိ
May 12,2021
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် လက်ပံခြေပေါ်အုပ်စုကျေးရွာများသည် မြေ အောက်ရေအသုံးပြုစိုက်ပျိုးထားသည့် နွေပဲတီစိမ်းစိုက်တောင်သူများ စတင်ဆွတ်ခူးရောင်းချချိန် ပဲတီစိမ်းတစ်တင်း ၃၉၀၀၀ကျပ်ဈေးရောင်းချရခြင်းကြောင့် မြေအောက်ရေဖြင့်စိုက်ပျိုးထားသည့် နွေပဲတီစိမ်းစိုက်တောင်သူများ အဆင်ပြေနေကြကြောင်းသိရသည်။
မန်းတောင်ခြေဘိုးဘွားရိပ်သာရှိ ဘိုးဘွားများအား Covid-19ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးခြင်းကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး သွားရောက်ကြည့်ရှုအားပေး
May 12,2021
မန်းတောင်ခြေ ဘိုးဘွားရိပ်သာရှိ ဘိုးဘွားများအား Covid-19ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပေး ခြင်းကို ယမန်နေ့ မွန်းတည့် ၁နာရီက အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်၊ အကွက်(၂၇/၂၈)ရှိ မန်းတောင်ခြေဘိုးဘွားရိပ်သာ၌ ပြုလုပ်ရာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦးမှ သွားရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
အိမ်ထောင်စုလူဦးရေစာရင်းနှင့် ဥပဒေနှင့်အညီ ကိုင်ဆောင်သင့်သည့် ကဒ်ပြားတစ်မျိုးမျိုး ဆောင်ရွက်ပေးမည့် ပန်းခင်း စီမံချက် ရှင်းလင်းပွဲပြုလုပ်
May 12,2021
အိမ်ထောင်စုလူဦးရေစာရင်းနှင့် ဥပဒေနှင့်အညီ ကိုင်ဆောင်သင့်သည့် ကဒ်ပြားတစ်မျိုးမျိုး ဆောင်ရွက်ပေးမည့် ပန်းခင်းစီမံချက် ရှင်းလင်းပွဲကို ယမန်နေ့ မွန်းလွဲ ၁နာရီက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ အမှတ် (၁၂) အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်သည်။
နတ်မောက်မြို့နယ်၌ မြေအောက်ရေသွင်းစိုက်ပျိုးသည့် နွေနှမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း
May 12,2021
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် အင်းကုန်းကျေးရွာတွင်  မြေအောက်ရေသွင်း၍ စိုက်ပျိုးသည့်  နွေနှမ်း စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိရာ နွေနှမ်းများကို  မတ်လလဆန်းပိုင်းမှစ၍ စတင်စိုက်ပျိုးပြီး စိုက်ပျိုးသည့်   
မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌမှ မြို့နယ်ကျန်းမာရေး ဦးစီးဌာနများသို့ ပစ္စည်းစုံ လူနာတင် ယာဉ်များ လွှဲပြောင်းပေးအပ်
May 11,2021
အမျိုးသားကျန်းမာရေးစီမံကိန်း (၂၀၁၇- ၂၀၂၁) အရ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တစ်စီးလျှင် ကျပ်သိန်း(၆၉၀)တန် ပစ္စည်းစုံ လူနာတင်ယာဉ်အား မွန်ပြည်နယ်အတွင်းရှိ မြို့နယ်များသို့ လွှဲပြောင်း ပေးအပ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၃ နာရီက မော်လမြိုင်မြို့ ပြည်နယ်ပြည်သူ့ကျန်းမာ ရေးဦးစီးဌာန၌ ကျင်းပသည်။
တောင်တွင်းကြီးမြို့နယ်တွင် လေဘေးသင့်ပြည်သူများအား ကယ်ဆယ်ရေး ပစ္စည်းများနှင့် ထောက်ပံ့ငွေများပေးအပ်
May 11,2021
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ပတ်လည်ကြီးအုပ်စု၊ ပျဉ်း ချောင်း ကျေးရွာနှင့် စည်သာကြီးကျေးရွာတို့၌ လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားသည့်အိမ်ထောင်စုများအား ကယ်ဆယ်ရေးပစ္စည်းများနှင့် ထောက်ပံ့ ငွေများပေးအပ်ပွဲကို ယနေ့ နံနက်က အဆိုပါ ကျေးရွာ၌ ကျင်းပခဲ့ကြောင်းသိရသည်။
သရက်ခရိုင်၊ဆင်ပေါင်ဝဲမြို့နယ်တွင် လေဘေးသင့်ပြည်သူများအား ကယ်ဆယ်ရေး ပစ္စည်းနှင့် ထောက်ပံ့ ငွေများပေးအပ်
May 11,2021

မကွေးတိုင်းဒေသကြီး ၊သရက်ခရိုင်၊ဆင်ပေါင်ဝဲမြို့နယ် သငှားကျေးရွာအုပ်စု ၊ မြောက်မီး ကုန်း ကျေးရွာတွင် မေ ၅ ရက် နှင့် ၆ ရက်နေ့က လေပြင်းတိုက်ခတ် မှုကြောင့် နေအိမ်ပြိုခြင်းနှင့်အမိုးလန်ခြင်းများဖြစ် ၍ ပျက်စီးခဲ့သည့်အတွက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေး ပစ္စည်းများကို မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူး မြင့်လွင် ၊ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှဦးစီးအရာရှိ ဦးသိန်းလွင်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်မျိုး ထွန်း နှင့် ဝန်ထမ်းများက ယမန်နေ့နံနက် ၁၀ နာရီက မြောက်မီးကုန်း ကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ပြုလုပ်ခဲ့သည်။