ပြည်မြို့နယ် သံပုရာပင်ကျေးရွာ၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံအပ်ချုပ်စက် သင်တန်းဖွင့်လှစ်

ပြည် မေ ၁၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ် ပေါက်နွယ်ခြုံကျေးရွာအုပ်စု သံပုရာပင်ကျေးရွာ ၌ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏  ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် အသက်မွေးဝမ်းကြောင်း အထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်းကို မေ ၁ ရက် နေ့မှ ၃၀ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။

သင်တန်းသို့ အဆိုပါကျေးရွာမှ သင်တန်းသား ၂၅ ဦး တက်ရောက်ကြောင်းနှင့် သင်တန်းတွင် ကလေးဝတ်လိပ်ပြာတောင်၊ ကလေးဝတ်ဂါဝန်၊ သင်္ဘောသားအင်္ကျီ၊ ကျောင်းစိမ်းဘောင်းဘီ၊ ကျောင်းစိမ်းဂါဝန်၊ မိန်းမဝတ်ရင်ဖုံး၊ မိန်းမဝတ်ရင်စေ့၊ ယောင်္ကျားဝတ်ရှပ်၊ လေးလွှာထဘီ စသည်တို့ ချုပ်လုပ်နည်းပညာရပ်များကို တစ်လကြာ စာတွေ့/လက်တွေ့ သင်ကြားပို့ချပေး မည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးမှ သိရသည်။

ပြည်ခရိုင် (ပြန်/ဆက်)