အိမ်ထောင်စုလူဦးရေစာရင်းနှင့် ဥပဒေနှင့်အညီ ကိုင်ဆောင်သင့်သည့် ကဒ်ပြားတစ်မျိုးမျိုး ဆောင်ရွက်ပေးမည့် ပန်းခင်း စီမံချက် ရှင်းလင်းပွဲပြုလုပ်

မန္တလေး     မေလ    ၁၂

အိမ်ထောင်စုလူဦးရေစာရင်းနှင့် ဥပဒေနှင့်အညီ ကိုင်ဆောင်သင့်သည့် ကဒ်ပြားတစ်မျိုးမျိုး ဆောင်ရွက်ပေးမည့် ပန်းခင်းစီမံချက် ရှင်းလင်းပွဲကို ယမန်နေ့ မွန်းလွဲ ၁နာရီက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ အမှတ် (၁၂) အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်သည်။

ရှင်းလင်းဆွေးနွေးပွဲတွင် ချမ်းအေးသာစံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းဆင့်က အဖွင့်အမှာစကား ပြောကြားပြီး ချမ်းအေးသာစံမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးဝင်းထွဋ်အောင်က ပန်းခင်းစီမံချက်နှင့်ပတ်သတ်၍ ရှင်းလင်းပြောကြားခဲ့ပြီးနောက် တက်ရောက်လာကြသော ရပ်ကွက်အုပ်ချုပ်ရေးမှူးများက သိရှိလိုသော မေးမြန်းချက်များကို ပြန်လည်ဖြေကြား ပေးခဲ့သည်။

အဆိုပါ ရှင်းလင်းပွဲသို့ ချမ်းအေးသာစံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဆင့်နှင့် တာဝန်ရှိသူများ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာ ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းထွဋ်အောင် နှင့် တာဝန်ရှိသူများ၊ မြို့နယ်အတွင်းရှိ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ ဖိတ်ကြား ထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

တင်လင်းထက်