တောင်တွင်းကြီးမြို့နယ်တွင် လေဘေးသင့်ပြည်သူများအား ကယ်ဆယ်ရေး ပစ္စည်းများနှင့် ထောက်ပံ့ငွေများပေးအပ်

 
တောင်တွင်းကြီး မေ ၁၁
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ပတ်လည်ကြီးအုပ်စု၊ ပျဉ်းချောင်း ကျေးရွာနှင့် စည်သာ ကြီးကျေးရွာတို့၌ လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားသည့်အိမ်ထောင်စုများအား ကယ်ဆယ်ရေး ပစ္စည်းများနှင့် ထောက်ပံ့ငွေများပေးအပ်ပွဲကို ယနေ့ နံနက်က အဆိုပါ ကျေးရွာ၌ ကျင်းပခဲ့ကြောင်း သိရသည်။
တောင်တွင်းကြီးမြို့နယ်တွင် မေလ (၆) ရက်နေ့ညက လေပြင်းများ တိုက်ခတ်သဖြင့် ကျေးရွာ တချို့တွင် နေအိမ်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ရာ ပတ်လည်ကြီးအုပ်စု၊ ပျဉ်းချောင်းကျေးရွာနှင့် စည်သာကြီး ကျေးရွာရှိ ပြိုကျပျက်စီးသွားသည့် နေအိမ်(၂)လုံးအတွက် (၁)အိမ်လျှင် ငွေကျပ် (၁၀၀၀၀ဝိ/-) နှင့် ကယ်ဆယ် ရေးပစ္စည်း(၁၆)မျိုးအားလည်းကောင်း အမိုးလန်နေအိမ် (၆၂)လုံး တို့အတွက် ကယ်ဆယ် ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေ (၂၁၂၁၇၀ဝိ/-) ကျပ်တို့အား လူမှုဝန်ထမ်း ကယ်ဆယ် ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာနမှ ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
 
အဆိုပါ ကယ်ဆယ်ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေများပေးအပ်ပွဲကို မြို့နယ်စီမံအုပ်ချုပ်မှုကောင်စီ အဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကျေးရွာအရောက် ကွင်းဆင်းပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
 
နိုင်ဝင်း