ဆင်ပေါင်ဝဲ မေ ၁၁
မကွေးတိုင်းဒေသကြီး ၊သရက်ခရိုင်၊ဆင်ပေါင်ဝဲမြို့နယ် သငှားကျေးရွာအုပ်စု ၊ မြောက်မီး ကုန်း ကျေးရွာတွင် မေ ၅ ရက် နှင့် ၆ ရက်နေ့က လေပြင်းတိုက်ခတ် မှုကြောင့် နေအိမ်ပြိုခြင်းနှင့်အမိုးလန်ခြင်းများဖြစ် ၍ ပျက်စီးခဲ့သည့်အတွက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေး ပစ္စည်းများကို မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူး မြင့်လွင် ၊ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှဦးစီးအရာရှိ ဦးသိန်းလွင်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်မျိုး ထွန်း နှင့် ဝန်ထမ်းများက ယမန်နေ့နံနက် ၁၀ နာရီက မြောက်မီးကုန်း ကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ပြုလုပ်ခဲ့သည်။
အဆိုပါ လေဘေးသင့်ပြည်သူများအား ကယ်ဆယ်ရေးပစ္စည်းများ ထောက် ပံ့ပေးအပ်ခဲ့ရာတွင် လေဘေးသင့် အိမ်ထောင်စု ( ၆၆ ) စု ၊ ပြိုကျနေအိမ် ( ၈ ) လုံး ၊ အမိုးလန် ( ၅၈ ) လုံး လူဦးရေ ( ၂၄၁ ) ဦးအတွက် ( ၇ ) ရက်စာ ဆန်ရိက္ခာဖိုး ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ နှင့် ကယ် ဆယ်ရေး ပစ္စည်း (၁၆) မျိုး ၊ စုစုပေါင်း ငွေကျပ် ( ၃၀၂၁၁၀၀ ) ကျပ်တိတိတို့ကို လေဘေး သင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ ချိုချိုဝင်း(ဆင်ပေါင်ဝဲ)