နတ်မောက်မြို့နယ်၌ မြေအောက်ရေသွင်းစိုက်ပျိုးသည့် နွေနှမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

နတ်မောက်   မေ  ၁၂

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် အင်းကုန်းကျေးရွာတွင်  မြေအောက်ရေသွင်း၍ စိုက်ပျိုးသည့်  နွေနှမ်း စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိရာ နွေနှမ်းများကို  မတ်လလဆန်းပိုင်းမှစ၍ စတင်စိုက်ပျိုးပြီး စိုက်ပျိုးသည့် နှမ်းမျိုးမှာ  “စိန်ပတ်လည်မျိုးဖြစ်ပြီး နှမ်းတစ်တင်းလျှင် (၄၈၀၀ဝိ/) ကျပ်နှုန်း ပေးဝယ်ရသည်ဟု သိရသည်။                    

ကျွန်တော်တို့အနေနဲ့ နွေနှမ်းစိုက်ပျိုးသည့်အခါ  မစိုက်ပျိုးမီ  (ရက်ခန့် ရေသွင်းပြီးမှ စတင်စိုက်ပျိုးပါတယ်။ ရေကို (၁၀)ရက်ခြား သွင်းပေးရပါတယ်။  သဘာဝမြေသြဇာကိုလည်း နှစ်ပတ်တစ်ကြိမ် ထည့်ပေးရပါတယ်၊၊ ယခုအခါမှာ ဆိုရင်တော့ နွေနှမ်းစိုက်ပျိုးထားတာ (၇၅) ရက်ရှိပါပြီ။  ရက်(၉၀) ပြည့်ရင်တော့ စတင်ရိတ်သိမ်းတော့မှာ ဖြစ်ပါတယ်ဟု အင်းကုန်းကျေးရွာနေ တောင်သူဦးတင်ဦးထံမှ သိရသည်။

သင်းသင်းမြတ်