ဆင်ပေါင်ဝဲမြို့နယ်၌ နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်ပေး

ဆင်ပေါင်ဝဲ   မေ  ၁၁

မကွေးတိုင်းဒေသကြီး ၊ သရက်ခရိုင် ၊ ဆင်ပေါင်ဝဲမြို့နယ် အလုပ်သမားလူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဦးစီး ဌာနမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုနှင့်  နိုင်ငံသားစိစစ်ရေးကတ်ပြားကိုင်ဆောင်ထားခြင်းမရှိသူများကို   မကွေးတိုင်းဒေသကြီး  ၊ အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ   တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှု     မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့်   ဆင်ပေါင်ဝဲ မြို့နယ် ဦးစီးမှူး   ဦးသိန်းလွင်  ( ဦးစီးအရာရှိ )  ဦးဆောင်၍အဖွဲ့ခေါင်းဆောင် လက်ထောက် မြို့နယ် ဦးစီးမှူး ဦးကျော်မင်းထွန်း အဖွဲ့တို့သည်  ၉ ရက်နေ့  နံနက် ၈ နာရီခွဲ
အချိန်က အမှတ် ( ၂ )ရပ်ကွက် ရတနာသီရိဓမ္မာရုံအတွင်း၌   ကွင်းဆင်းဆောင်ရွက်ရာ အိမ်ထောင်
စု ( ၁၀ ) စုနှင့်   အသက်( ၁၆ )နှစ်အထက်   နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူ ( ၄၃ ) ဦး တို့အားဆောင်ရွက်နိုင်ခဲ့ပြီး  ကျန်ရှိသည့်  ရပ်ကွက်/ကျေးရွာများတွင်  ကွင်းဆင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းအလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိဦးသိန်းလွင်ထံမှ သိရသည်။



ချိုချိုဝင်း(ဆင်ပေါင်ဝဲ)