ညောင်ဦးမြို့နယ် မြေအောက်ရေသွင်းစိုက်ပျိုးထားသည့် နွေပဲတီစိမ်းများဈေးကောင်းရရှိ

ညောင်ဦး  မေ  ၁၂

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် လက်ပံခြေပေါ်အုပ်စုကျေးရွာများသည် မြေ အောက်ရေအသုံးပြုစိုက်ပျိုးထားသည့် နွေပဲတီစိမ်းစိုက်တောင်သူများ စတင်ဆွတ်ခူးရောင်းချချိန် ပဲတီစိမ်းတစ်တင်း ၃၉၀၀၀ကျပ်ဈေးရောင်းချရခြင်းကြောင့် မြေအောက်ရေဖြင့်စိုက်ပျိုးထားသည့် နွေပဲတီစိမ်းစိုက်တောင်သူများ အဆင်ပြေနေကြကြောင်းသိရသည်။

ညောင်ဦးမြို့နယ် လက်ပံခြေပေါ်အုပ်စုကျေးရွာများ၊ သစ်ထောင့်ကျွန်းအုပ်စုကျေးရွာ များသည် မြေအောက်ရေသွင်းစိုက်ပျိုးခြင်းဖြင့် မတ်လမှစတင်ကာ နွေပဲတီစိမ်းများ စတင်ကြဲပက် စိုက်ပျိုးခဲ့ကြောင်း တစ်လခွဲခန့်အကြာတွင် နွေပဲတီစိမ်းစိုက်ခင်းများအဖူး၊အပွင့် စတင်ဖူးပွင့်ပြီး နှစ်လအကြာတွင် နွေပဲတီစိမ်းများစတင် ဆွတ်ခူးရောင်းချကြကြောင်းသိရသည်။ နွေပဲတီစိမ်းဆွတ်ခူး ချိန်တွင် တစ်ဧကစိုက်ခင်းတစ်ခင်း ပဲတီစိမ်းကောက်သမ တစ်ကြိမ်ဆွတ်ခူးဖို့ အယောက် ၂၀လိုအပ်ကာ ပီတီစိမ်းကောက်သမတစ်ဦးလျှင် တနေကုန်၃၀၀၀ကျပ် ပေးရကြောင်း ၊ပဲတီစိမ်းဆွတ်ခူးပြီး တစ်ရက်လောက်နေလှန်းကာအစေ့ထုတ်ပီး ပခုက္ကူမြို့ရှိ ပွဲရုံများသို့သွားရောက် ရောင်းချကြကြောင်း လက်ပံခြေပေါ်အုပ်စု ရွာသစ်ကုန်းကျေးရွာမြေ အောက်ရေအသုံးပြု နွေပဲတီစိမ်းစိုက်တောင်သူ ဦးဇော်ဝင်းကရှင်းပြသည်။ နွေပဲတီစိမ်းတစ်တင်း ပိသာချိန် ၁၉ပိသာရှိကာ တစ်တင် ၃၉၀၀၀ကျပ်နှုန်း ရောင်းချရခြင်းကြောင့် မနှစ်က ဈေးနှုန်းအတိုင်း ပြန်လည်ရောင်းချရကာ တောင်သူများမျှော်လင့် နေသည့်ဈေးနှုန်းဖြစ် ကြောင်းသိရပြီး နွေပဲတီ စိမ်းစိုက်တောင်သူများဈေး ကောင်းရရှိခြင်းကြောင့် အဆင်ပြေနေကြကြောင်း ပဲတီစိမ်းစိုက် တောင်သူ များထံကသိရသည်။

ကိုထိန်၊KPD