ကျောက်မဲ မေ ၁၃ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို၊ မြို့ကျက်သရေဆောင်ခန်းမအတွင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (ဒုတိယအကြိမ်)ကို ထိုးရန် ကျန်ရှိသည့်သူများအား အပတ်စဉ် ကြာသပတေးနေ့နှင့် သောကြာနေ့များတွင် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ကျောက်မဲမြို့နယ်အနေဖြင့် ယနေ့အထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (ပထမအကြိမ်)ကို လူဦးရေ ၅၁၅၆ ဦးအား လည်းကောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(ဒုတိယအကြိမ်)ကို လူဦးရေ ၂၈၇၆ ဦးအတွက်အားလည်းကောင်း ထိုးနှံပေးခဲ့ပြီဖြစ်ကြောင်း သိရသည်။ ကျောက်မဲမြို့နယ်တွင် ကျန်ရှိနေသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများသည် ဒုတိယအကြိမ် ထိုးနှံမည့်သူများအတွက်သာ လုံလောက်တော့မည်ဖြစ်သောကြောင့် ကာကွယ်ဆေးကို ဒုတိယအကြိမ် ထိုးနှံရန် ကျန်ရှိသည့်သူများကိုသာ ဦးစားပေးထိုးနှံပေးသွားမည်ဖြစ်ပြီး ကာကွယ်ဆေးများ ထပ်မံရောက်ရှိမှသာ လူသစ်များကို ထပ်မံထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ် စီမံအုပ်ချုပ်ရေးရုံးမှ သိရသည်။ မိုင်းထွန်း(ပြန်/ဆက်)