ရန်ကင်းမြို့နယ် ပြည်သူ့စာကြည့်တိုက်အား ကိုဗစ် -၁၉ စည်းကမ်းများနှင့်အညီ ပြန်လည် ဖွင့်လှစ် ဆောင်ရွက်
May 13,2021
ကိုဗစ်- ၁၉ ရောဂါဖြစ်ပွားမှု မြင့်တက်ချိန်ကာလအတွင်းပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန် အရှေ့ပိုင်း ခရိုင်၊ ရန်ကင်းမြို့နယ်ရှိ ပြည်သူ့စာကြည့်တိုက်အားခေတ္တပိတ်ထားခဲ့ရာမှ ယခုအခါ ရောဂါ ကူးစက် ပြန့်ပွားမှု လျော့နည်းလာသည့်အတွက်ပြည်သူများစာပေဗဟုတတိုးပွားစေရန်နှင့် အသိပညာရရှိ စေရန်ရည်ရွယ်၍ ကိုဗစ် -၁၉ စည်းကမ်းများနှင့်အညီ အပတ်စဉ် တနင်္လာနေ့မှသောကြာနေ့ နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီ ခွဲအချိန် အထိပြည်သူ များစာပေလေ့လာဖတ်ရှု နိုင်ရန်စာကြည့်တိုက်အား ဖွင့်လှစ် ဆောင်ရွက် ပေးလျက် ရှိကြောင်း သိရ သည်။