မအူပင် မေ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်အိုင်ဝိုင်းကျေးရွာတွင် မအူပင်တက္ကသိုလ်တည်ထောင်ဖွင့်လှစ်ထားလျက်ရှိရာ တည်ဆောက်ထားသော မြေနေရာ၏ မူလပိုင်ရှင်တောင်သူများအား မြေယာလျော်ကြေးပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၁၁ နာရီက မအူပင်တက္ကသိုလ် ပင်မဆောင်ဘွဲ့နှင်းသဘင် ခန်းမတွင် ကျင်းပသည်။
အဆိုပါအခမ်းအနားသို့ မအူပင်ခရိုင်စီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေး ၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးဝင်းဆန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲ့မှု အဖွဲ့ဝင်များ တက်ရောက်ကြပြီး မအူပင်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာနီနီဦးက မအူပင်တက္ကသိုလ်တည်ဆောက်ထားရှိမှုနှင့်မြေနေရာ၏ မူလပိုင်ရှင်များအားနစ်နာမှုမရှိစေရန် မြေယာလျော်ကြေး ပြန်လည် ပေးအပ်ရခြင်းကို အဖွင့်ပြောကြားပါသည်။
ထို့နောက် အိုင်ဝိုင်းကျေးရွာတွင် တည်ဆောက်ထားသောမအူပင် တက္ကသိုလ်မြေဧက စုစုပေါင်း(၆၀.၉၇)ဧကဖြစ်ပြီး အဆိုပါ ဧကအနက်မှ တောင်သူ (၅)ဦး ပိုင်ဆိုင်သည့်(၈.၃) ဧကအတွက်(၁) ဧကလျှင်၂၅သိန်းနှုန်းဖြင့် စုစုပေါင်း (၂၀၈၀၀၀၀၀ိ/) သိန်း (ကျပ်နှစ်ရာ့ ရှစ်သိန်းတိတိ)အား တောင်သူတစ်ဦးချင်းထံ ပိုင်ဆိုင်မှုဧကအလိုက် မအူပင်တက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာနီနီဦးနှင့် တာဝန်ရှိသူများက နစ်နာကြေးပေး လျော်အပ်နှင်းခဲ့ပြီး ကျန်ရှိသည့်ဧကများအတွက် နစ်နာလျော်ကြေးပေးရန်ဆက်လက် ဆောင်ရွက်လျှက်ရှိကြောင်း မအူပင်တက္ကသိုလ်စီမံဌာန တာဝန်ရှိသူထံမှ သိရသည်။
အောင်ခိုင်ပြန်/ဆက်(မအူပင်)