သတင်းများ

အချိန်နှောင်းသော်လည်း ခရမ်းချဉ်သီးဈေးများပြန်တက်လာ၍ စိုက်ပျိုးသူများ အဆင်ပြေ
May 13,2021
စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားပြီးလုပ်ကိုင်ကြသော မင်းဘူး(စကု)မြို့နယ်မှ တောင်သူများသည် ခရမ်းချဉ်စိုက်ခင်းများ စိုက်ပျိုးချိန် နောက်ကျသော်လည်း ခရမ်းချဉ်သီးဈေး ပြန်တက်လာသဖြင့် အဆင်ပြေလျက်ရှိကြောင်း ခရမ်းချဉ်စိုက် တောင်သူများထံမှ သိရသည်။
လင်းခေးမြို့ နမ့်တိန်းချောင်းထဲသို့ ငါးမျိုးသားပေါက်ကောင်ရေ(၇ဝဝဝဝ)စိုက်ထည့်ပွဲ ကျင်းပ
May 13,2021
ရှမ်းပြည်နယ်တောင်ပိုင်း လင်းခေးခရိုင် လင်းခေးမြို့ရှိ နမ့်တိန်းချောင်းထဲသို့ ငါးမျိုးသားပေါက် အကောင်ရေ(၇ဝဝဝဝ)စိုက်ထည့်ခြင်းကို ယမန်နေ့ မွန်းလွဲ ၅ နာရီက အဆိုပါချောင်းကမ်းစပ်၌ ကျင်းပခဲ့ကြောင်း သိရသည်။
ပြည်မြို့နယ် ကြခတ်အုပ်စု ရွှေဝါမြေကျေးရွာ၌ စိုက်ပျိုးရေးနှင့်မွေးမြူရေးပညာပေးသင်တန်းဖွင့်လှစ်
May 13,2021
ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ စီမံမှုဖြင့် ပြည်မြို့နယ် ကြခတ် အုပ်စု ရွှေဝါမြေကျေးရွာတွင် မေ ၁၀ ရက်နံနက်ပိုင်းကစတင်၍ စိုက်ပျိုးရေးနှင့် မွေးမြူရေး ပညာပေး သင်တန်း ဖွင့်လှစ်သင်ကြားပို့ချပေးလျက်ရှိကြောင်းသိရသည်။
လှိုင်းဘွဲမြို့နယ်တွင် မိုးလုံလေလုံအားကစားရုံ တည်ဆောက်မှုလုပ်ငန်း ၅၀ % ပြီးစီး
May 13,2021
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဆောင်ရွက်သည့် မိုးလုံလေလုံအားကစားရုံ တည်ဆောက်ခြင်းလုပ်ငန်း (၅၀)ရာခိုင်နှုန်း ပြီးစီးပြီးဖြစ်ကြောင်း သိရသည်။
မွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ မုဒုံမြို့နယ်ရှိ တစ်မြောင်းတစ်ဘောင်စနစ် ဘက်စုံစိုက်ပျိုး မွေးမြူရေးခြံအား ကွင်းဆင်းကြည့်ရှု
May 13,2021
မော်လမြိုင် မေ ၁၃ မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဇော်လင်းထွန်းနှင့် ကောင်စီဝင်များ၊ သက်ဆိုင်ရာ ဌာနဆိုင်ရာတာဝန်ရှိသူများတို့သည် ယမန်နေ့မွန်းလွဲ ၁ နာရီက မုဒုံမြို့နယ် ဝက်တဲကျေးရွာ ကွင်းအမှ
ကလောမြို့နယ်၌ အသက်မွေးဝမ်းကြောင်း အထောက်အကူပြု အဆင့်မြင့်အပ်ချုပ်စက်သင်တန်း ဖွင့်လှစ်
May 13,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင်၊ ကလောမြို့နယ်၊ လွယ်အံကျေးရွာအုပ်စု၊ အင်းပြင်ကျေးရွာတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ်အသက် မွေးဝမ်းကြောင်းအထောက်အကူပြု အဆင့်မြင့်အပ်ချုပ်စက် သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်ကအဆိုပါကျေးရွာရှိ ရွှေစာစီခန်းမ၌ ကျင်းပခဲ့သည်။
သာပေါင်းမြို့တွင် လေပြင်းတိုက်ခိုက်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် လေဘေးသင့် အိမ်ထောင်စုများ အား ကယ်ဆယ်ရေးနှင့် ရန်ပုံငွေထောက်ပံ့
May 13,2021
ပုသိမ်ခရိုင် သာပေါင်းမြို့နယ် ရွှေပြည်အေးခန်းမတွင် ယမန်နေ့ နေ့လယ် ၁ နာရီက မြို့နယ် သဘာဝဘေးဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီနှင့် မြို့နယ်သဘာဝဘေးဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့၏ ကြီးကြပ်မှုဖြင့်လေပြင်းတိုက်ခိုက်၍ ပျက်စီးဆုံးရှုံးခဲ့သော လေဘေးသင့် အိမ်ထောင်စုများအား ကယ်ဆယ်ရေးပစ္စည်းနှင့် ရန်ပုံငွေများကို ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
ပေပင်ကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ရေဝေရေလဲဧရိယာ သီးနှံသစ်တောရောနှော စိုက်ပျိုးခြင်းနည်းစနစ် အသိပညာပေးဆွေးနွေး
May 13,2021
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ် ပေပင်ကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ယမန်နေ့နံနက် (၉)နာရီက သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်း နည်းစနစ်ဖြင့် ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းဆောင်ရွက်ခြင်းဆိုင်ရာ အသိပညာပေးဆွးနွေးပွဲ ကျင်းပခဲ့သည်။