လင်းခေးမြို့ နမ့်တိန်းချောင်းထဲသို့ ငါးမျိုးသားပေါက်ကောင်ရေ(၇ဝဝဝဝ)စိုက်ထည့်ပွဲ ကျင်းပ

လင်းခေး မေ ၁၃

ရှမ်းပြည်နယ်တောင်ပိုင်း လင်းခေးခရိုင် လင်းခေးမြို့ရှိ နမ့်တိန်းချောင်းထဲသို့ ငါးမျိုးသားပေါက် အကောင်ရေ(၇ဝဝဝဝ)စိုက်ထည့်ခြင်းကို ယမန်နေ့ မွန်းလွဲ ၅ နာရီက အဆိုပါချောင်းကမ်းစပ်၌ ကျင်းပခဲ့ကြောင်း သိရသည်။

ယင်းစိုက်ထည့်ခြင်းကို လင်းခေးခရိုင် ငါးလုပ်ငန်းဦးစီးဌာနက ကြီးမှူး၍ ရွှေဝါငါးကြင်းမျိုး သားပေါက် (၄ဝဝဝဝ) ကောင်နှင့် ငါးခုံးမကြီးမျိုးသားပေါက် (၃ဝဝဝဝ) ကောင် စုစုပေါင်း ကောင်ရေ (၇ဝဝဝဝ)အား စစ်ဗျူဟာအဖွဲ့ (အခြေချ) (လင်းခေး)မှ ခေတ္တစစ်ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး ဝင်းအောင်နှင့်တာဝန်ရှိသူများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊​ ခေတ္တဥက္ကဋ္ဌ ဦးမျိုးတင့်ဇော်၊ အဖွဲ့ဝင်(၁)ဒုတိယ ဗိုလ်မှူးကြီးစိုးနိုင်ဝင်းနှင့် အဖွဲ့ဝင်များ၊ ရှမ်းပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ဒုတိယပြည်နယ်မှူး ဒုတိယညွှန်ကြားရေးမှူး ဦးကျော်သီဟထွေးနှင့်အဖွဲ့ဝင်များ၊ လင်းခေးခရိုင်ရုံးဝန်ထမ်းများ၊ လင်းခေးမြို့နယ်၊ ပုန်းထွန်ကျေးရွာမှ ရှမ်းတိုင်းရင်းသူများ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများက နမ့်တိန်း ချောင်းအတွင်းသို့ ဖော်ပြပါ ငါးမျိုးသားပေါက်တို့ကို စုပေါင်းစိုက်ထည့်ပေးခဲ့ကြကြောင်း သိရသည်။

စိုင်းဇော်လတ်(လင်းခေး)