သတင်းများ

သင်္ဃန်းကျွန်းမြို့နယ် အခြေခံပညာကျောင်း ၄၇ ကျောင်းတွင် မေ ၂၄ ရက်နေ့မှစတင်ပြီး ကျောင်းအပ် လက်ခံပေးသွားမည်
May 13,2021
၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေး သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၄၇)ကျောင်းကို ပညာရေးဌာနဝန်ထမ်းများက ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက် ရှိသည်။
စဉ့်ကိုင်မြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်းဥပဒေနှင့်အညီ ကိုင်ဆောင်သည့်ကဒ်ပြားတစ်မျိုးမျိုး ဆောင်ရွက်ပေးမည့် ပန်းခင်းစီမံချက် ရှင်းလင်းပွဲပြုလုပ်
May 13,2021
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း ဥပဒေနှင့် အညီကိုင်ဆောင်သည့် ကဒ်ပြားတစ်မျိုးမျိုးဆောင်ရွက်ပေးမည့် ပန်းခင်းစီမံချက် ရှင်းလင်းပွဲကို ယနေ့ နံနက် (၁၀) နာရီက ရန်အောင်မြင်ရပ်ကွက် ရွှေကျီးနား ကျောင်းတိုက် ဓမ္မာရုံတွင် ကျင်းပခဲ့ကြောင်းသိရသည်။
တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ  ကော့သောင်းမြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
May 13,2021
တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင်အောင်နှင့်အဖွဲ့ဝင်များ ယမန်နေ့ မွန်းလွဲပိုင်းက ကော့သောင်းမြို့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းဆောင်ရွက်မှု အခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
မြစ်သားမြို့နယ်တွင် (သတ္တမ)စက်ဝန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက်ကျေးရွာမြစိမ်းရောင် ရန်ပုံငွေ ကြီးကြပ်မှုကော်မတီဖွဲ့စည်း
May 13,2021
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် မြစိမ်းရောင်စီမံကိန်းအတွက် ကျေးရွာကြီးကြပ်မှုကော်မတီ(တတိယ) အကြိမ်ပြန်လည် ဖွဲ့စည်းခြင်းအခမ်းအနားကို ယနေ့ နံနက်(၈)နာရီက ပခမ်းကျေးရွာ ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ဘုရားသုံးဆူမြို့၌ အခြေခံကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်
May 13,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့၌ အခြေခံကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် ယနေ့ နံနက်ပိုင်းက ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများက ပြင်ဆင်ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခြေခံပညာကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များနှင့်ကျောင်းအုပ်ဆရာကြီး/ဆရာမကြီးများ၊ ဆရာ/ဆရာမများ၊ ကျောင်းကော်မတီဝင်များနှင့်တွေ့ဆုံဆွေးနွေး
May 13,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ယမန်နေ့ နံနက် ၉ နာရီက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များနှင့် မြို့နယ်ပညာရေးမှူး ဦးစိုးသစ်၊ အထကဘန်းယဉ်၊ အထကဆိုက်ခေါင်၊ အထကဆီဆိုင်ကျောင်းများရှိ ကျောင်းအုပ်ဆရာကြီး/ဆရာမကြီးများ၊ ကျောင်းဆရာ/ဆရာမများ၊ ကျောင်းကော်မတီဝင်တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်တွင်ကျေးရွာတွင်းလမ်းနှင့်ကုန်ထုတ်လမ်းဖောက်လုပ်နေမှုများကွင်းဆင်းစစ်ဆေး
May 13,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးဦးဝင်းမြင့်သည် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်(၉)နာရီက ၂၀၂၂-၂၀၂၁ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်လျှက်ရှိသော ကျောက်ဆောက်ကုန်း ကျေးရွာတွင်းလမ်းများနှင့် ကုန်ထုတ်လမ်းဖောက်လုပ်နေမှုများကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ကျိုက်ဒုံမြို့တွင် အုတ်စီရေမြောင်းပြုလုပ်ခြင်းလုပ်ငန်း ဆောင်ရွက်
May 13,2021
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့စည်ပင်သာယာရေးအဖွဲ့မှ မြို့ဦးစီးမှူး ဦးသန့်ဇော်၊ တာဝန်ခံအငယ်တန်း အင်ဂျင်နီယာ-(၂) ဦးဟန်ဝင်းချိုတို့သည် ယနေ့ နံနက် ၁၀ နာရီက (၂၀၂၀-၂၀၂၁)ခုနှစ်၊ ဘဏ္ဍာနှစ် ပြည်နယ်ဘတ်ဂျက် ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေ(၅၃.၄၀၀)ကျပ်သန်းဖြင့် အမှတ်(၄)ရပ်ကွက် ဘုရင့်နောင်လမ်းမကြီးလမ်းဘေး အုတ်စီရေမြောင်း ပြုလုပ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။