ပူတာအို မေ ၁၄
ကချင်ပြည်နယ် ပူတာအိုမြို့တွင် ၂၀၂၁-ခုနှစ် နွေရာသီ အခြေခံအေးရိုးဗစ်အားကစားသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ မွန်းလွှဲ(၁)နာရီက ပူတာအိုမြို့နယ် ပြည်သူ့အားကစားခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် စစ်ဗျူဟာအဖွဲ့(အခြေချ)ပူတာအို ဗျူဟာမှူး ဗိုလ်မှူးကြီး ဝင်းမင်းသိမ်းက သင် တန်းဆင်းအမှာစကားပြောကြားပြီး သင်တန်းနည်းပြများအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်သည်။
ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဦးဇော်ဝင်းဌေး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် များဖြစ်ကြသည့် ဒုတိယဗိုလ်မှူးကြီး အောင်ကိုလတ် ၊ ခရိုင်လဝက ဦးစီးမှူး ဦးစန်းဝင်း ၊ ဦးမယစ်ယောရှုတို့က သင်တန်းနည်းပြများအား ထောက်ပံ့စရိတ် နှင့်သင်တန်းဆင်း လက်မှတ်များကိုပေးအပ်ချီးမြှင့်ခဲ့ကြပြီး အေရိုးဗစ် အငယ်တန်းမှ သင်တန်းသူများက ကကွက်(၅၃)ကွက်နှင ့်အေးရိုးဗစ်အကြီးတန်းမှသင်တန်းသူများက ကကွက် (၄၆)ကွက်တို့ဖြင့် သရုပ်ပြဖျော်ဖြေတင်ဆက်ခဲ့ကြသည်။
အဆိုပါသင်တန်းသို့ သင်တန်းသူ(၁၁၀)ဦးတက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ ဧပြီ(၂၆)ရက်မှမေ (၁၄)ရက်နေ့အထိ အပတ်စဉ် တနလာနေ့မှသောကြာနေ့အထိ နေ့စဉ် ညနေ(၂)နာရီမှ(၄)နာရီအထိ သင်ကြား ပို့ချပေးခဲ့ကြောင်း ပူတာအိုမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှသိရသည်။
ဖုန်ကန်(ပူတာအို)