ပဲခူးမြို့၌ နှာခေါင်းစည်း(Mask)များ တပ်ဆင်သွားလာသည့် အလေ့အထများဖြစ်စေရန် Mask Campaign ပြုလုပ်

ပဲခူး မေ ၁၅

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုအား ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများ အပြင်ထွက်တိုင်း နှာခေါင်းစည်း (Mask)များ တပ်ဆင်ရန်နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနမှ ထုတ်ပြန်သော စည်ကမ်းများအား လိုက်နာ၍ သွားလာနေထိုင်ကြရန် အသိပညာပေးခြင်းလုပ်ငန်း Mask Campaign ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆောင်မှုဖြင့် ယမန်နေ့ နံနက်(၈)နာရီအချိန်က လူစည်ကား ရာ ရွှေသာလျောင်းဘုရား မီးပွိုင့်အနီးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ Mask Campaign အား တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှုဖြင့် ရောဂါဖြစ်ပွားနေ သည့် နိုင်ငံနှင့် အိမ်နီချင်းနိုင်ငံဖြစ်သည့်အတွက် ပြည်သူများ ရောဂါကူးစက်မှုမဖြစ်ပွားစေရေး နှာခေါင်းစည်း (Mask)များ တပ်ဆင်သွားလာသည့် အလေ့အထများဖြစ်စေရန် ရည်ရွယ်ပြီး ပြုလုပ်ရခြင်းဖြစ်ကြောင်း သိရ သည်။

နှာခေါင်းစည်း(Mask)များ တပ်ဆင်သွားလာသည့် အလေ့အထများဖြစ်စေရန် Mask Campaign ပြုလုပ်ရခြင်း ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က္ကဋ္ဌ ဦးညီညီဝင်း ဦးဆောင်မှုဖြင့် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာနနှင့် ကြက်ခြေနီအသင်းအဖွဲ့ဝင်များ ပူးပေါင်း၍  Mask (၂၅၀၀)ခုအား (အခမဲ့) ဖြန့်ဝေပေးခဲ့ပြီး ပဲခူးမြို့ လူစည်ကားရာနေရာများတွင်လည်း Mask Campaign ပြုလုပ်ခြင်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ပဲခူးခရိုင်(ပြန်/ဆက်)