တောင်ဥက္ကလာပမြို့နယ် ပြည်သူ့စာကြည့်တိုက်အား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးစည်းကမ်းများနှင့်အညီ ပြန်လည် ဖွင့်လှစ်ဆောင်ရွက်

တောင်ဥက္ကလာပ မေ ၁၄

ပြည်သူများစာပေဗဟုတတိုးပွားစေရန်နှင့် အသိပညာရရှိစေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အ‌ ရှေ့ပိုင်းခရိုင် ၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊တောင်ဥက္ကလာပ မြို့နယ်ရုံးတွင် ဖွင့်လှစ်ဆောင်ရွက်လျှက်ရှိသည့် ပြည်သူ့စာကြည့်တိုက်အား ကိုဗစ်-၁၉ရောဂါဖြစ်ပွားနေစဉ် ကာလအတွင်း ခေတ္တပိတ်ထားခဲ့ရာ ယခုအခါ ကိုဗစ် -၁၉ ရောဂါကာကွယ်ရေးစည်းကမ်းများနှင့်အညီ အပတ်စဉ် တနင်္လာနေ့မှသောကြာနေ့ နံနက် ၉း၃၀ နာရီမှ ညနေ၄း၃၀ နာရီအထိဖွင့်လှစ်ဆောင်ရွက်ပေးလျှက်ရှိသည်။

အဆိုပါပြည်သူ့စာကြည့်တိုက်တွင် နေ့စဉ်ထုတ်သတင်းစာ၊ အပတ်စဉ်ထုတ်ဂျာနယ်၊ လစဉ်ထုတ်မဂ္ဂဇင်းများ၊ ရုပ်ပြများ၊ အပျော်ဖတ်ဝတ္ထုများ၊ သုတစာပေများစသည်ဖြင့် သုတ/ရသအမျိုးအစား စုံလင်သော စာအုပ်စာစောင်ပေါင်း တစ်သောင်းကျော်ဖြင့် မည်သူမဆိုအခမဲ့ လာရောက် ငှားရမ်းဖတ်ရှု့နိုင်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)