မြောက်ဥက္ကလာပ မေ ၁၄
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ စာကြည့်တိုက်ရှိ Community Centre ခန်းမ၌ ယနေ့ နံနက် ၁၁ နာရီခွဲက ပြည်သူများ အသိပညာတိုးပွားစေရန်နှင့် စာဖတ်ရှိန်မြင့်တက်စေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ စည်ကမ်းချက်များနှင့် အညီ စာဖတ်ဝိုင်းကျင်းပခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းကို မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဆရာဦးသိန်းဝင်းဇော်၊ ပြန်/ဆက်ဦးစီးဌာန ဝန်ထမ်းများ နှင့် မြို့နယ်အတွင်းရှိ စာပေချစ်သူ စာဖတ်ပရိတ်သတ်များက စာရေးဆရာ လယ်တွင်းသား စောချစ် ရေးသားသော ပန်းလိုချင်အပင်ကို ပျိုးတတ်မှ စာအုပ်ပါ အကြောင်းအရာများကို အချင်းချင်း အမြင်ချင်း ဖလှယ်သည့်အနေဖြင့် စာဖတ်ဝိုင်း ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြမြဝင်း(ပြန်/ဆက်)