လပွတ္တာ မေ ၁၅
ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် လပွတ္တာမြို့နယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဦးဆောင်၍ မြို့နယ်ကျန်းမာရေး ဦးစီးဌာန၊ခရိုင်ပြန်/ဆက်၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မီးသတ် ဦးစီးဌာနနှင့်တာဝန်ရှိသူများက ကိုဗစ်(၁၉)ရောဂါကူးစက်မှုမရှိစေရန် Mask Campaign နှင့် အသိပညာပေးခြင်းကို ယနေ့ နံနက် ၈ နာရီ က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လပွတ္တာမြို့နယ်တွင်ကိုဗစ်ရောဂါပိုးတွေ့လူနာရှိလာသဖြင့် ကိုဗစ်(၁၉)ရောဂါကူးစက်မှုမှ ကင်းဝေးစေရန် ကြိုတင်ကာကွယ်ရေး အနေဖြင့် မြို့နယ်အတွင်းရှိ စျေးများ၊သြဘာလမ်းထိပ်၊နန္ဒဝင်စျေးများတွင်
ဆောင်ရန်၊ ရှောင်ရန်အချက်များ ၊ ကျန်းမားရေးအသိပညာပေးခြင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ အသိပညာပေးခြင်းများ ဆောင်ရွက် ခြင်းနှင့် Mask အခု (၁၅၀၀)တို့ကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
လပွတ္တာခရိုင်( ပြန်/ဆက်)