ဖား​ဆောင်းမြို့နယ်အတွင်း နယ်စပ်​ဒေသဖွံ့ဖြိုး​ရေး(ပြည်နယ်) ရန်ပုံ​ငွေဖြင့် ​ဆောင်ရွက်သည့် ​ဒေသဖွံ့ ဖြိုး​ရေးလုပ်ငန်းများအား ကွင်းဆင်းစစ်​ဆေး

 

ဖား​ဆောင်း          ​မေ                ၁၅

ကယားပြည်နယ်၊​ဘောလခဲခရိုင်၊ဖား​ဆောင်းမြို့နယ်အတွင်း နယ်စပ်​ဒေသဖွံ့ဖြိုး​ရေး(ပြည်နယ်) ရန်ပုံ​ငွေဖြင့် ​ဆောင်ရွက်သည့်​ဒေသဖွံ့ဖြိုး​ရေးလုပ်ငန်းများကို ယ​​နေ့နံနက်(၉)နာရီ အချိန်က ပြည်နယ် တည်​ဆောက်​ရေးလုပ်ငန်းများ၏ အရည်အ​သွေးစစ်​ဆေး​ရေး​ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်စီမံအုပ်ချုပ်ရေး​ကော်မတီအဖွဲ့ဝင် ဦး​စောဟူးဟူးနှင့် ​ကော်မတီဝင်များ၊ ပြည်နယ်နယ်စပ်​ဒေသနှင့် တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်နယ်ညွှန်ကြား​ရေးမှူး ဦးသန့်စင်နှင့် အဖွဲ့ဝင်များ၊​ ဘောလခဲခရိုင် တည်​ဆောက်​ရေးလုပ်ငန်းများ၏ အရည်အ​သွေးစစ်​ဆေး​ရေး​ကော်မတီဥက္ကဋ္ဌနှင့်​ကော်မတီဝင် များ၊ ဖား​ဆောင်းမြို့နယ် တည်​ဆောက်​ရေးလုပ်ငန်းများ၏ အရည်အ​သွေးစစ်​ဆေး​ရေး ကော်မတီဥက္ကဋ္ဌနှင့်​ကော်မတီဝင်များက ကွင်းဆင်းစစ်​ဆေးခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်တည်​ဆောက်​ရေးလုပ်ငန်းများ၏ အရည်အ​သွေးစစ်​ဆေး​ရေး​ကော်မတီဥက္ကဋ္ဌနှင့်​​​​ကော်မတီဝင်များ၊ခရိုင်၊မြို့နယ်အဆင့်​ကော်မတီဝင်များ၊ ပြည်နယ်နယ်စပ်​ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်​ရေးဦးစီးဌာန ပြည်နယ်ညွှန်ကြား​ရေးမှူးနှင့်အဖွဲ့ဝင်များက ​ဆောက်လုပ်​ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန၊ တည်​ဆောက်​ရေးအဖွဲ့(၂)၊တံတားအထူးအဖွဲ့(၆) ​နေပြည်​တော်မှ တာဝန်ယူတည်​ဆောက်​နေသည့်  ဝမ်​အောင်း-ချိကွဲ့-​စောင်းလော့ လမ်း​ပေါ်ရှိပွန်​ချောင်းတံတား (ဝမ်အောင်း )  တံတားအရှည်(၄၀၀)​ပေ၊ အကျယ်(၁၈)ရှိသံကူကွန်ကရစ်တံတားဆောက်လုပ်​နေမှုကို ကြည့်ရှုစစ်​ဆေးခဲ့ရာ အဆိုပါတံတားကို တာဝန်ယူဆောင်ရွက်​နေသည့် တံတားအထူးအဖွဲ့(၆)မှလက်​ထောက်ညွှန်ကြား​ရေးမှူး(မြို့ပြ) ဦးလှိုင်ဖြိုးဝင်းကလုပ်ငန်းများ​ဆောင်ရွက်​နေမှု အဆင့်ဆင့်ကိုလည်း​ကောင်း၊​ ဘောလခဲခရိုင်လမ်းဦးစီးဌာနမှ လက်​ထောက်ညွှန်ကြား​ရေးမှူး ​ဒေါ်နန်းဆုမွန်ဝင်းက တံတားချဉ်းကပ်လမ်း ကတ္တရာခင်းခြင်း လုပ်ငန်းဆောင်ရွက်​နေမှုအဆင့်ဆင့်ကို လည်း​ကောင်း ပါဝါပွိုင့်ဖြင့် အသီးသီးရှင်းလင်းတင်ပြခဲ့ကြသည်။

 

ဆက်လက်၍ ပွန်​ချောင်းမှဝမ်​အောင်း(ကယား)​ကျေးရွာ သွားလမ်း အရှည်( ၃၀)​ပေ×အကျယ်( ၁၄)​ပေ သံကူကွန်တံတား တစ်စင်း၊အရှည်(၁.၅)မိုင်×အကျယ်(၁၂)​ပေ ​ကျောက်​ချောလမ်းခင်းခြင်းလုပ်ငန်း၊ အရှည်(၅၀)​ပေ×အကျယ်(၁၆)​ပေကွန်ကရစ်​ရေ​ကျော်တစ်စင်း၊(၄​ပေ×၄​ပေ×၂၄​ပေ) Box Culverd ၄ စင်း၊ အရှည် (၁၅၅၀)​ပေ×အကျယ်( ၁၂​)ပေ×(၇)လက်မထု ကွန်ကရစ်ခင်းခြင်း စသည့်လုပ်ငန်းများ  ဆောင်ရွက်ပြီးစီးမှု အ​ခြေအ​နေများကို ကွင်းဆင်းစစ်​ဆေးခဲ့ရာ သက်ဆိုင်ရာတာဝန်ရှိသူများက ရှင်းလင်း တင်ပြခဲ့​​ကြပြီး မြို့ပြနှင့်အိမ်ယာဖွံ့ဖြိုး​ရေးဦးစီးဌာမှ ​ဆောင်ရွက်သည့် ဖား​ဆောင်းမြို့၊​တောင်ပိုင်း ရပ်ကွက်ရှိ ဝန်ထမ်းအိမ်ယာ​ရှေ့ပေ(၁၅၀) ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်​ဆေးခဲ့​ကြောင်းနှင့် လုပ်ငန်းများကို စနစ်တကျ ​ဆောင်ရွက်ကြရန်လမ်းညွှန်မှာကြားခဲ့​ကြောင်း သိရသည်။

​​နန်းသဲနု​အောင်