သတင်းများ

လှိုင်းဘွဲမြို့နယ်ရှိ ကျေးရွာများဆောင်ရွက်လျက်ရှိသော တွင်းနက်တူးဖော်ခြင်းလုပ်ငန်းများအား ကွင်းဆင်း စစ်ဆေး
May 17,2021
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာနေပြည်သူများ သောက်သုံးရေ အခက်အခဲမရှိစေရေးနှင့် ရေကောင်းရေသန့်ရရှိစေရေးအတွက် ကုလားကုန်းကျေးရွာ၊ တောင်ကလေး ကျေးရွာနှင့်ပျဉ်းကတိုးကျေးရွာများရှိ တွင်းနက်တူးဖော်ခြင်းလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု စစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာများတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျိုက်ဒုံမြို့ အမှတ်(၄)ရပ်ကွက် သီတာလမ်း ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း ဆောင်ရွက်
May 17,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ကျိုက်ဒုံမြို့တွင် စည်ပင်သာယာရေးအဖွဲ့မှ(၂၀၂၀-၂၀၂၁)ခုနှစ်၊ဘဏ္ဍာနှစ် ပြည်နယ် ဘတ်ဂျက် ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွဖြင့် သီတာလမ်း ကတ္တရာထပ်ပိုး လွှာခင်းခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည်။
ကရင်ပြည်နယ် ကျောက်ကလာပ်စေတီတော်မြတ်ကြီးရင်ပြင်တွင် ပထမကြိမ် ကရင်စာပေ သင်တန်းဆင်းပွဲ ကျင်းပ
May 17,2021
ကရင်ပြည်နယ် ကျက်သရေဆောင် ကျောက်ကလာပ်စေတီတော်မြတ်ကြီးရင်ပြင် ချမ်းသာကြီးဘုရား ကျောင်းဆောင်တော်တွင် ပထမကြိမ် ကရင်စာပေ သင်တန်းဆင်းပွဲကိုတော့ မေလ(၁၅)ရက်နေ့ နံနက် (၁၀) နာရီအချိန် တွင်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မိတ္ထီလာခရိုင်တွင် ကျေးလက်ကုန်ထုတ်လမ်းများ အဆင့်မြှင့်တင်ခြင်းနှင့် ကျေးလက်ရေရရှိရေး လုပ်ငန်းများအား အရည်အသွေး ပြည့်မီစွာဖြင့် အချိန်မီပြီးစီးရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး
May 17,2021
မန္တလေးတိုင်းဒေသကြီး ၊ မိတ္ထီလာခရိုင်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း (မူလ) ရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကျေးလက်ကုန်ထုတ်လမ်းများ အဆင့်မြှင့်တင် ခြင်းနှင့် ကျေးလက်ရေရှိရေးလုပ်ငန်းများ အရည်အသွေး ပြည့်မီစွာဖြင့် အချိန်မီပြီးစီးရေး တာဝန်ရှိသူများမှ ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ သိရသည်။
YBS အမှတ် (၃၁) ယာဉ်၊ အပူရှိန်လွန်ကဲ၍ ဘက်ထရီဝါယာရှော့စ်ဖြစ်ကာမီးလောင်မှုဖြစ်ပွား
May 17,2021
သန်လျင်နှင့် ရန်ကုန် ပြေးဆွဲလျက်ရှိသော YBS အမှတ်(၃၁) ယာဉ်လိုင်းသည် ယမန်နေ့မွန်းတည့် ၁၂ နာရီအချိန်ခန့်က ဗိုလ်ချုပ်နေ၀င်းလမ်းနှင့် သန်လျင်မြို့မစျေးလမ်းထောင့် (ယခင်)ကြက်လျာစွန်းထောင့်တွင် အပူရှိန်လွန်ကဲ၍ ဘက်ထရီ ဝါယာရှော့စ်ဖြစ်ကာ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
လိပ်သိုဒေသတွင် ယခုနှစ် လိုင်ချီးသီးအထွက်နှုန်းနည်း
May 17,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုဒေသသည် တောင်ပေါ်ဒေသဖြစ်ပြီး အဓိက စီးပွားရေးလုပ်ငန်းအနေဖြင့် ဥယျာဉ်ခြံလုပ်ငန်းကို အဓိကထား လုပ်ကိုင်လျက်ရှိရာ အသက်မွေး၀မ်းကျောင်းလုပ်ငန်းအရ သီးနှံများစွာရှိသည့်အနက် နှစ်ရှည်သီးနှံပင်ဖြစ်သည့် လိုင်ချီးပင်များကို တိုးချဲ့စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။