မြစ်ကြီးနား မေ ၁၅
ကချင်ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာလုပ်ငန်းများနှင့် ပတ်သက်၍ ပြည်နယ်ရင်းနှီး မြှုပ်နှံမှုကော်မတီ အစည်းအဝေး (၃/၂၀၂၁)ကို ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် ပြည်နယ်စီမံအုပ်ချုပ် ရေးကောင်စီရုံး အစည်းဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ ပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီ၊ ကော်မတီဥက္ကဋ္ဌနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ဆွေးနွေးကြသည်။
အစည်းအဝေးတွင် ပြည်နယ်ရင်းနှီးမြှုပ်နှံကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးခက်ထိန်နန်က နိုင်ငံတော်နှင့်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများသည် အမှန်တကယ် အရေးပါသည့် အခန်းကဏ္ဍတွင် ပါဝင်ပါကြောင်း၊ မိမိတို့ပြည်နယ်အတွင်း ရင်းနှီး မြှုပ်နှံမှု လုပ်ငန်းများစွာရှိနေသောကြောင့် ရင်းနှီးမြှုပ်နှံသူတွေဝင်ရောက်လုပ်ကိုင်ရာတွင် ဥပဒေ၊အမိန့် ညွှန်ကြားချက် များနှင့်အညီ ခွင့်ပြုစိစစ်ပေးနိုင်ရေးကို ဆွေးနွေးကြစေလိုကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီအတွင်းရေးမှူး ဒေါက်တာသိမ့်သိမ့်မိုးက မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေ၊ အမိန့်ကြေညာ စာများ၊ ရင်းနှီးမြှုပ်မှုလုပ်ငန်းများအတွက် မြေအသုံးပြုမှုနှင့် စပ်လျဉ်းသည့် ဥပဒေများနှင့် ပြည်ထောင်စုဝန်ကြီးနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးလမ်းညွှန်ချက်များကို ရှင်းလင်းတင်ပြရာ ပြည်နယ်ကော်မတီ အဖွဲ့ဝင်များက ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် ပတ်သက်၍ ဆောင်ရွက်ဆဲ လုပ်ငန်းများနှင့် စိစစ်ဆဲလုပ်ငန်းများအပေါ် ဖြည့်စွက်ဆွေးနွေးတင်ပြခဲ့ကြသည်။
ဖြည့်စွက်ရှင်းလင်းဆွေးနွေးတင်ပြမှုများအပေါ် ပြည်နယ်ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်စီမံအုပ် ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးခက်ထိန်နန်က ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် ပတ်သက်၍ ပြည်နယ် အတွင်း ဆောင်ရွက်ဆဲ စီမံကိန်းလုပ်ငန်းများကို ဦးစားပေးဆောင်ရွက်ကြရေးနှင့် လုပ်ငန်းဆောင်ရွက် ရာတွင် အမြန်ဆုံးချိတ်ဆက်၍ ဥပဒေလုပ်ထုံးလုပ်နည်း၊အမိန့်ညွှန်ကြားချက်များနှင့်အညီ စိစစ်ခွင့်ပြုပေးနိုင်ရေးကို ဆွေးနွေးအတည်ပြု ဆုံးဖြတ်ပေးခဲ့သည်။
ပြည်နယ်ပြန်/ဆက်