စစ်တွေ မေ ၁၅
ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ဒေါက်တာ အောင်ကျော်မင်းနှင့် ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များအား သံတွဲခရိုင်၊ တောင်ကုတ်မြို့၊ မြို့သစ်ဖော်ထုတ်ခြင်းလုပ်ငန်း နှင့်ပတ်သက်၍ ထာဝရအောင်မြေအများပိုင်ကုမ္ပဏီမှ ဥက္ကဋ္ဌ၊ ဦးကျောက်တောင်နှင့် တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီရုံးအစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံကြသည်။
တွေ့ဆုံစဉ် ထာဝရအောင်မြေအများပိုင်ကုမ္ပဏီဥကဋ္ဌ၊ ဦးကျောက်တောင်က အများပိုင်ကုမ္ပဏီမှ တောင်ကုတ်မြို့၊ မြို့ကွက်သစ်ဖော်ထုတ်ရေးအတွက် ဆောင်ရွက်ခဲ့မှုအခြေအနေ၊ မြို့ကွက်သစ်ပြုလုပ် ခဲ့မှုအခြေအနေ၊ မြို့ကွက်သစ် ဖော်ထုတ်ခြင်းဖြင့် ဒေသဖွံ့ဖြိုးတိုးတက်လာမည့်အခြေအနေ၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဝင်ရောက်လာမည့် အခြေအနေနှင့် မြို့ကွက်သစ်ဖော်ထုတ်ရေးလုပ်ငန်းများ ရပ်ဆိုင်းခဲ့မှုအခြေအနေများကို ပါဝါပွိုင့်ဖြင့် ရှင်းလင်း တင်ပြသည်။ တင်ပြချက်များအပေါ် ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဌနှင့်အဖွဲ့ဝင်များက မြို့ကွက်သစ် ဖော်ထုတ်ခြင်း အကောင်အထည်ဖော်နိုင်ရေးအတွက် ဥပဒေ၊ လုပ်ထုံး၊ လုပ်နည်းများဖြင့်အညီ ဆောင်ရွက်သွားရန် အကြံပြုဆွေးနွေးကြသည်။ ထို့နောက် တက်ရောက်လာသော ပြည်နယ်အဆင့်ဌာနဆိုင်ရာများက မြို့ကွက်သစ် ဖော်ဆောင်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများဆောင်ရွက်နိုင်ရန် လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြရာ ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်းသိရသည်။
တင်ထွန်း(ပြန်/ဆက်)