လှည်းကူးမြို့၌ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်မည်ဖြစ်၍ ကြိုတင်ပြင်ဆင်မှုများ စီစဉ်ဆောင်ရွက်လျက်ရှိ

လှည်းကူး မေ ၁၅

ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ ဒရယ်ဘိုကျေးရွာအပိုင် လေ့ကျင့်ရေး အလယ်တန်းကျောင်းတွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အတွက် အခြေခံကျောင်းများ ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်၍ ပညာရေးဝန်ကြီးဌာန၊ မြို့နယ်ပညာရေးဦးစီးဌာန၏ ကြီးကြပ်ဆောင်ရွက်မှုဖြင့် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆက်လက်ပြီး ၂၀၂၁-၂၀၂၂ ပညာသင်နှစ်‌အခြေ ခံပညာ (ထက် /လယ် /မူ ) အဆင့် ကျောင်းများအား ၂၀၂၁ ခုနှစ် ၊ မေလ ၂၄ ရက် နေ့မှ ၃၁ ရက်နေ့အထိ ကျောင်းသား ကျောင်းသူများကို ကျောင်းအပ်နှံလက်ခံပေးသွားမည်ဖြစ်ပြီး ကျောင်းအပ်နှံရာတွင် မည်သည့် အခကြေးငွေမျှ ကောက်ခံခြင်းမပြုလုပ်ဘဲ ကျောင်းသုံး ပြဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်/ခဲတံ၊Mask နှင့် Face Shield တို့ကို နိုင်ငံတော်မှ အခမဲ့ ထောက်ပံ့ သွားမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာ စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ် မည်ဖြစ်၍ကြို တင်ပြင်ဆင်မှုများအနေဖြင့် ကျောင်း ပတ်ဝန်းကျင်ရှိ ခြုံနွယ်ပိတ်ပေါင်းများ ၊ ကျောင်းခြံဝင်းအတွင်း ပေါက်ရောက်နေသောမြက်များအား ခုတ်ထွင်ရှင်းလင်းခြင်းနှင့် အမှိုက် သရိုက်များအား မီးရှို့ခြင်းများကို ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် စုပေါင်းကာ ကြိုတင်ပြင်ဆင် မှုများ ဆောင်ရွက်လျက် ရှိကြောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ရီရီအောင်ထံမှ သိရှိရသည်။

သင်းမြတ်သော် (ပြန်/ဆက်)