တာလေမြို့ သစ်တောဦးစီးဌာန ပျိုးဥယာဉ်၌ မိုးရာသီအတွင်း စိုက်ပျိုးရန် သစ်ပင်ပျိုးပင်ပေါင်း ၁၄၀၀၀ ပျိုးထောင်ထားရှိ

 

 

တာလေ          မေ           ၁၅

ပြောင်းလဲလာသောရာသီဥတု၏ ပူပြင်း‌ခြောက် သွေ့သည့်ဒဏ် ခံစားရခြင်းမှ ကြိုတင်ကာကွယ်နိုင်ရန်နှင့် သဘာဝပတ်ဝန်းကျင် သစ်တေသစ်ပင် စိမ်းလန်းစိုပြည်ရေးနှင့် သစ်တောပြုန်းတီးမှုများ မဖြစ်ပေါ် စေရေးနှင့် ကာကွယ်ထိန်းသိမ်းနိုင်ရန်အတွက် တာချီလိတ်ခရိုင်၊ တာလေမြို့ သစ်တောဦးစီးဌာနက အများပြည်သူတို့ မိုးရာသီတွင် သစ်ပင်များစိုက်ပျိုးနိုင်ရန် သစ်တောဦးစီးဌာန ပျိုးဥယျာဉ်အတွင်း သစ်ပင်များကို ပျိုးထောင်‌ ပေးလျက်ရှိသည်။

 

"တာလေမြို့ရှိ နယ်‌မြေခံတပ်ရင်းတပ်ဖွဲ့ ၊ ဌာနဆိုင်ရာတွေနဲ့ ရပ်ကွက်/ကျေးရွာ အုပ်စုများအတွင်းရှိ ပြည်သူ‌တွေကို အခုနှစ် မိုးရာသီအတွင်းစိုက်ပျိုးနိုင်ရန် ကျွန်း၊ မန်ဂျန်ရှား၊ မယ်ဇလီ၊ မိုက်ဆော့၊ စိန်ပန်း၊ ယူကလစ်၊ပိန္နဲ၊ ကျွဲကော စတဲ့ အရိပ်ရအလှသစ်ပင်တွေနဲ့ နှစ်ရှည်သီးပင်စားပင်‌ ပျိုးပင်ပေါင်း ၁၄၀၀၀ ကို အများပြည်သူအကြိုက် မျိုးစေ့စုဆောင်း ရွေးချယ် ပျိုးထောင်ထားပါတယ်” ဟု သစ်တော ဦးစီးဌာန ကပြောသည်။

သစ်ပင်ပျိုးပင်များကို ၂၀၂၁ ခုနှစ် မိုးရာသီကာလအတွင်း စိုက်ပျိုးနိုင်ရန် သစ်တောဦးစီးဌာန ဝန်ထမ်းများက တာလေမြို့ရှိ နယ်မြေခံတပ်ရင်းတပ်ဖွဲ့ ၊  ဌာနဆိုင်ရာ ၊ရပ်ကွက်/ကျေးရွာအုပ်စုများ အတွင်းရှိ သစ်ပင်စိုက်ပျိုးလိုသူအများပြည်သူများထံသို့ ဖြန့်ဝေ‌ပေးပြီး စနစ်တကျ စိုက်ပျိုးသွားမည် ဖြစ်ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

 

တာလေ (ပြန် / ဆက်)